ရည်ရွယ်ချက်ချင်း လျောက်တဲ့လမ်းချင်းတူရင် တချိန်မှာ အတူတူ ပြန်ဆုံကြမယ်ဆိုတဲ့ ဦးကျော်သက်လင်း
ကျန်းမာတော်မူကြပါစခင်ဗျာ” လို့ ငယ်စဉ်အချိန်ထဲက ည ၈နာရီဆိုရင် ကြားနေရစမြဲဖြစ်တဲ့ MRTV မှသတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ကိုတော့ လူတိုင်းမှတ်မိကြလိမ့်မယ်ထင်ပါတယ်နော်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ တိုက်ပုံအကျႌကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းတွေကို ပြတ်ပြတ်သားသား တင်ဆက်နိုင်သူတစ်ဦးပါပဲ။ မြန်မာနိုင်ငံမှာ စစ်အာ ဏာသိမ်းချိန်တွင် အစော ဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ပရိသတ်တွေက ဦးကျော်သက်လင်း ကိုပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဦးကျော်သက်လင် း ကတော့ သူ့ရဲ့ ရင်တွင်းခံစားချက်တစ်ချို့ကိုသူ့ရဲ့ facebook စာမျက်နှာမှာမျှ‌ဝေခဲ့တာပဲဖြစ်ပါတယ်။
“ကျနော်စကတည်းကပြောခဲ့ပါတယ်။ မစစ်မှန်တဲ့အရာတွေက ကြာကြာမခံပါဘူး။ လူတွေဖန်တီးထားတဲ့အရာတွေပဲဖြစ်ဖြစ် ရင်ထဲကဆန္ဒတွေရည်မှန်းချက်တွေပဲဖြစ်ဖြစ် စေတနာမမှန်ရင် ဆန္ဒမကြီးရင် လွယ်လွယ်ပဲကွယ်ပျောက်သွားကြမှာပါ။
ကျနော်တို့ အိပ်မက်တွေကဈေးကြီးလွန်းပါတယ်။ အ သက်တွေ စ ည်းစိမ်တွေ ရာထူးတွေ မိသားစုတွေကိုစွန့်လွှတ်ပြီးမက်ရပါတယ်။ မင်းလည်း လိုက်မက်ကွာလို့ ဒီအဖိုးကြီးကပြောမထွက်ပါဘူး။ ဒီလိုနဲ့ပဲ ကျနော်တစ်ယောက်ထဲ ဘယ်သူ့မှမစည်းရုံး မသိမ်းသွင်းပဲထွက်လာခဲ့တယ်။
လမ်းတူရင် တစ်နေ့မှာကျနော်တို့ဆုံကြမှာပါ။ လမ်း တူပေမယ့် လည်း အိပ်မက်တွေအတွ က် အသက်တွေပေးခဲ့ကြတဲ့သူတွေနဲ့တော့ဖြင့် မဆုံနိုင်ကြတော့ပါဘူး။ ကျန်ခဲ့ကြတဲ့သူတွေနဲ့ပဲဈေးကြီးလွန်းတဲ့အိပ်မက်တွေအကြောင်း တဝကြီးထိုင်ပြောကြတာပေါ့။”
ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာသူ့ရဲ့ခံစားချက်တစ်ချို့ကို ရေးသားထားတာတွေ့ရပါတယ်။ဦးကျော်သက်လင်းရဲ့ ရင်တွင်းဖြစ်ခံစားချက်လေးတစ်ချို့ကိုပြန်လည်း‌‌ဝေမျှတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ အဆုံးထိဖတ်ရှုပေးကြတဲ့စာဖတ်ပရိတ်သတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.