တရုတ်နှင့်ဆက်စပ်နေသော စက်ရုံများကို မီးတင်ရှို့မှုဖြင့် လူ ၂၈ ယောက်ကို စစ်ဖက်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်

မြန်မာရှိ တရုတ်နှင့်ဆက်စပ်နေသော စက်ရုံများကို မီးတင်ရှို့မှုဖြင့် လူ ၂၈ ယောက်ကို စစ်ဖက်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်

(ဘာသာပြန်)

ရိုက်တာ၊ မေ ၂၈။

မတ်လတွင် ရန်ကုန်၌ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများအတွင်း တရုတ်ပိုင်စက်ရုံများကို တသီတတန်းမီးတင်ရှို့မှုများဖြစ်ပွားခဲ့ပြီးနောက် စက်ရုံ နှစ်ရုံ ကို မီးကွင်းပစ်မှုဖြင့် စစ်ဖက်ဆိုင်ရာခုံရုံးတစ်ခုက လူ ၂၈ ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တပ် က ထုတ်လွှင့်သော မြ၀တီရုပ်သံ၏ သတင်းတွင် ပြစ်မှုကျူးလွန်သူများသည် မြန်မာ၏အကြီးဆုံးမြို့တော်ရန်ကုန်၏ ဆင်ခြေဖုံးဒေသရှိ လှိုင်သာယာ စက်မှုဇုံရှိ ဖိနပ် စက်ရုံ နှင့် အထည်ချုပ်စက်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်တပ်ဆန့်ကျင်ဆန္ဒပြသူများကို သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းသည့်အခါ မီးလောင်မှုများ၊ လူဒါဇင်ချီပြီးမှုနှင့် ဒဏ်ရာရမှုများဖြစ်ပွားခဲ့ပြီးနောက် လှိုင်သာယာတွင် စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့သည်။

တရုတ်လူမျိုးဝန်ထမ်းများစွာ ဒဏ်ရာရခဲ့ပြီး ပိတ်မိခဲ့သူများလည်း ရှိခဲ့ကြောင်း၊ တရုတ်ပိုင်ပစ္စည်းများနှင့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် အာဏာပိုင်များကိုလည်းတောင်းဆိုခဲ့ကြောင်း တရုတ်သံရုံးက ပြောကြားခဲ့သည်။

တရုတ်က ရင်းနှီးမြုပ်နှံထားသည့် စက်ရုံ စုစုပေါင်း ၃၂ ရုံ သည် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ယွမ် သန်း၂၄၀ ( စင်္ကာပူဒေါ်လာ သန်း ၅၀ ခန့်) နှင့်အတူ ဖျက်ဆီးခံခဲ့ရကြောင်း တရုတ်အစိုးရပိုင် လူပြိန်းကြိုက်သတင်းစာ ဖြစ်သည့် Global Times တွင်ဖေါ်ပြခဲ့သည်။

ဖေဖေါ်ဝါရီ တစ်ရက် တွင် ရွေးကောက်ံခံအရပ်သားအစိုးရဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့်စစ်အုပ်စုကို တရုတ်က ထောက်ခံအားပေးလျက်ရှိသည်ဟု အများက မှတ်ယူထားကြသည်။

စက်ရုံများကိုမီးရှို့ သည်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ရှိကြောင်း ထုတ်ဖေါ်ကြေညာခြင်းမပြုခဲ့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *