လေဖြတ်ပြီး ဒုက္ခိတ ဖြစ်နေတဲ့ သူ့ကို မမေ့ကြပါနဲ့လို့ ပြောလာရှာတဲ့ ကျောက်ရိုင်း ဦးအောင်မြတ်

ပရိသတ်ကြီး‌ရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့ချိန်ကတည်းက တီဗီဖန်သားပြင်ပေါ်မှာ အမြဲတမ်းမြင်တွေ့နေကျဖြစ်တဲ့ သရုပ်ဆောင်တွေ အားလုံးကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ဒီအထဲကမှ အနုအကြမ်း၊ဗီလိန်အစရှိတဲ့ ကာရိုက်တာ‌ပေါင်းစုံကို ပိုင်ပိုင်နိုင်နိုင် သရုပ် ဆောင်နိုင်တဲ့ သရုပ်ဆောင်ကြီး ကျောက်ရိုင်း ဦးအောင်မြတ် ကိုလဲ အားလုံးပဲသိကြအုန်းမှာပါပဲနော်။

လက်ရှိမှာ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တာကြောင့် အနုပညာလှုပ်ရှားမူ့တွေနဲ့ အလှမ်းဝေးကွာနေတဲ့အပြင် ဒုက္ခိတဘဝရောက်ရှိနေလို့ အရမ်းကိုအားငယ်နေတာပဲ ဖြစ်ပါတယ်။ကျောက်ရိုင်း ဦးအောင်မြတ် ရဲ့ အနုပညာလှုပ်ရှားမူ့သက်တမ်းကတော့ နှစ်ပေါင်း ၅၀ ကျော်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကာရိုက်တာအစုံကိုလဲ အကောင်းမွန်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဘိုးတော်၊အင်္ဂလိပ်မင်းကြီး၊သိုက် ဆရာ၊ဂိုဏ်းစတား အစရှိတဲ့ကာရိုက်တာတွေကိုလဲ ပရိသတ်တွေအတွက် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါတယ်။

ကျောက်ရိုင်း ဦးအောင်မြတ် ဟာ လေဖြတ်နေတာ ၆ နှစ်နီးပါးရှိခဲ့ပြီး ဘယ်ဘက်တစ်ခြမ်းလုံး လေထိသွားတာကြောင့် စကားပြောရတာနဲ့ သွားလာလှုပ်ရှားရတာ ခက်ခဲပြီးဒုက္ခိတတစ်ယောက်လို ဖြစ်နေပါတယ်တဲ့။ ဒါကြောင့် အိမ်မှာ လူပိုတစ်ယောက်လို ခံစားနေရပါတယ်လို့လဲ သူရဲ့ ခံစားချက်ကို ပြောပြထားပါတယ်။

ဇာတ်ကားတွေထဲမှာ ကာရိုက်တာကြမ်းကြမ်းတွေကို သရုပ်ဆောင်ရပေမယ့် ပရိသတ်တွေက အပြင်မှာတွေ့ရင် ချစ်ကြပါတယ်တဲ့။ ဒါပေမယ့် ဇာတ်ကားတွေ မရိုက်ရတော့ဘဲ ဒုက္ခိတဘဝရောက်နေရလို့ စိတ်မကောင်းပါဘူး။ ပရိသတ်တွေကို သတိရပြီး ‌ဘဲ ဒုက္ခိတဘဝရောက်နေတဲ့ သူ့ကို မေ့မထားကြပါနဲ့ ရင်ဖွင့်ထားပါသေးတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေလျဖတ္ၿပီး ဒုကၡိတ ျဖစ္ေနတဲ့ သူ႕ကို မေမ့ၾကပါနဲ႕လို႔ ေျပာလာရွာတဲ့ ေက်ာက္ရိုင္း ဦးေအာင္ျမတ္

ပရိသတ္ႀကီး‌ေရ ဗီဒီယိုဇာတ္ကားေတြ ေခတ္စားခဲ့ခ်ိန္ကတည္းက တီဗီဖန္သားျပင္ေပၚမွာ အၿမဲတမ္းျမင္ေတြ႕ေနက်ျဖစ္တဲ့ သ႐ုပ္ေဆာင္ေတြ အားလုံးကို မွတ္မိၾကအုန္းမယ္ထင္ပါတယ္။ ဒီအထဲကမွ အႏုအၾကမ္း၊ဗီလိန္အစရွိတဲ့ ကာရိုက္တာ‌ေပါင္းစုံကို ပိုင္ပိုင္နိုင္နိုင္ သ႐ုပ္ ေဆာင္နိုင္တဲ့ သ႐ုပ္ေဆာင္ႀကီး ေက်ာက္ရိုင္း ဦးေအာင္ျမတ္ ကိုလဲ အားလုံးပဲသိၾကအုန္းမွာပါပဲေနာ္။

လက္ရွိမွာ အသက္အ႐ြယ္ႀကီးျမင့္ေနၿပီျဖစ္တာေၾကာင့္ အႏုပညာလႈပ္ရွားမူ႕ေတြနဲ႕ အလွမ္းေဝးကြာေနတဲ့အျပင္ ဒုကၡိတဘဝေရာက္ရွိေနလို႔ အရမ္းကိုအားငယ္ေနတာပဲ ျဖစ္ပါတယ္။ေက်ာက္ရိုင္း ဦးေအာင္ျမတ္ ရဲ႕ အႏုပညာလႈပ္ရွားမူ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။

ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့ၿပီး ကာရိုက္တာအစုံကိုလဲ အေကာင္းမြန္ဆုံး သ႐ုပ္ေဆာင္နိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ဘိုးေတာ္၊အဂၤလိပ္မင္းႀကီး၊သိုက္ ဆရာ၊ဂိုဏ္းစတား အစရွိတဲ့ကာရိုက္တာေတြကိုလဲ ပရိသတ္ေတြအတြက္ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

ေက်ာက္ရိုင္း ဦးေအာင္ျမတ္ ဟာ ေလျဖတ္ေနတာ ၆ ႏွစ္နီးပါးရွိခဲ့ၿပီး ဘယ္ဘက္တစ္ျခမ္းလုံး ေလထိသြားတာေၾကာင့္ စကားေျပာရတာနဲ႕ သြားလာလႈပ္ရွားရတာ ခက္ခဲၿပီးဒုကၡိတတစ္ေယာက္လို ျဖစ္ေနပါတယ္တဲ့။ ဒါေၾကာင့္ အိမ္မွာ လူပိုတစ္ေယာက္လို ခံစားေနရပါတယ္လို႔လဲ သူရဲ႕ ခံစားခ်က္ကို ေျပာျပထားပါတယ္။

ဇာတ္ကားေတြထဲမွာ ကာရိုက္တာၾကမ္းၾကမ္းေတြကို သ႐ုပ္ေဆာင္ရေပမယ့္ ပရိသတ္ေတြက အျပင္မွာေတြ႕ရင္ ခ်စ္ၾကပါတယ္တဲ့။ ဒါေပမယ့္ ဇာတ္ကားေတြ မရိုက္ရေတာ့ဘဲ ဒုကၡိတဘဝေရာက္ေနရလို႔ စိတ္မေကာင္းပါဘူး။ ပရိသတ္ေတြကို သတိရၿပီး ‌ဘဲ ဒုကၡိတဘဝေရာက္ေနတဲ့ သူ႕ကို ေမ့မထားၾကပါနဲ႕ ရင္ဖြင့္ထားပါေသးတယ္။

Leave a Reply

Your email address will not be published.