သရဖူ ဇတ်လမ်းတွဲက အိမ်ဖော်မလေးနေရာက သရုပ် ဆောင်ထားတဲ့ အင်ကြင်းထူးရဲ့ ဇတ်လမ်းတွဲ ပေါ် က အမှတ်တရအချို့

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ သရဖူ ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ ကြိုက် နှစ်သက်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ဇာတ်ရှိန်မြင့်တက်လာခဲ့တဲ့ သရဖူ ဇာတ်လမ်းတွဲဟာ မကြာခင်အချိန်အတွင်းမှာပဲ ဇာတ်သိမ်းတော့မှာပဲဖြစ်ပါတယ်။

ပါဝင်ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီတိုင်းဟာလည်း ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်အပေါ်တာဝန် ကျေကြတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံယူနေရတာပဲဖြစ်ပါတယ်။

ခက်ခက်ဝေဆိုတဲ့ သနားစရာအိမ်အကူမလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အင်ကြင်းထူးဟာလည်း သူမရဲ့အပြင်ပုံစံနဲ့လုံးဝကွာခြားတဲ့ ဇာတ်ရုပ်တစ်ခုကို သရုပ်ဆောင်ပြနိုင်တာကြောင့် ပရိသတ်ချီးကျူးခံရတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။

ဒီကနေ့မှာတော့ အင်ကြင်းထူးက သရုပ်ဆောင် အကယ်ဒမီစိုးမြတ်သူဇာနဲ့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို မျှဝေရင်း “အရမ်းချစ်ဖို့ကောင်းတဲ့ မေမေကြီးနဲ့အမှတ်တရသရဖူကားလေးတောင် ပြီးတော့မယ်နော်ခက်ဝေလေးကိုလည်း အားပေးပြီးချစ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်

ခက်ခက်ဝေ သရဖူဇာတ်လမ်းတွဲ mrtv4series” ဆိုပြီး အမှတ်တရတွေကို ပြသလာပါတယ်။အင်ကြင်းထူးကတော့ ဇာတ်လမ်းထဲက ဒေါ်စိန်ရွှေဆင့်ဟာ မောက် မာပြီး အဆင့်အတန်းခွဲခြားပေမယ့် အပြင်က စိုးမြတ်သူဇာကတော့ သရုပ်ဆောင်အသစ်တွေအပေါ် ဖေးမပြီး အရမ်းချစ်စရာကောင်းတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း သရဖူ ဇာတ်ကားပြီးသွားသည့်တိုင် ခက်ခက်ဝေနေရာကနေ သရုပ်ဆောင်ထားတဲ့ အင်ကြင်းထူးကို ဆက်လက်ပြီး အားပေးချစ်ခင်ပေးကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သရဖူ ဇတ္လမ္းတြဲက အိမ္ေဖာ္မေလးေနရာက သ႐ုပ္ ေဆာင္ထားတဲ့ အင္ၾကင္းထူးရဲ႕ ဇတ္လမ္းတြဲ ေပၚ က အမွတ္တရအခ်ိဳ႕

လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ သရဖူ ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြရဲ႕ ႀကိဳက္ ႏွစ္သက္အားေပးမႈကို အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္။ တစ္ေန႕ထက္တစ္ေန႕ ဇာတ္ရွိန္ျမင့္တက္လာခဲ့တဲ့ သရဖူ ဇာတ္လမ္းတြဲဟာ မၾကာခင္အခ်ိန္အတြင္းမွာပဲ ဇာတ္သိမ္းေတာ့မွာပဲျဖစ္ပါတယ္။

ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ခ်င္းစီတိုင္းဟာလည္း ကိုယ္သ႐ုပ္ေဆာင္တဲ့ ဇာတ္႐ုပ္အေပၚတာဝန္ ေက်ၾကတာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကိုခံယူေနရတာပဲျဖစ္ပါတယ္။

ခက္ခက္ေဝဆိုတဲ့ သနားစရာအိမ္အကူမေလးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အင္ၾကင္းထူးဟာလည္း သူမရဲ႕အျပင္ပုံစံနဲ႕လုံးဝကြာျခားတဲ့ ဇာတ္႐ုပ္တစ္ခုကို သ႐ုပ္ေဆာင္ျပနိုင္တာေၾကာင့္ ပရိသတ္ခ်ီးက်ဴးခံရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါပဲ။

ဒီကေန႕မွာေတာ့ အင္ၾကင္းထူးက သ႐ုပ္ေဆာင္ အကယ္ဒမီစိုးျမတ္သူဇာနဲ႕ အတူတူတြဲရိုက္ထားတဲ့ ဓာတ္ပုံေလးကို မွ်ေဝရင္း “အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ေမေမႀကီးနဲ႕အမွတ္တရသရဖူကားေလးေတာင္ ၿပီးေတာ့မယ္ေနာ္ခက္ေဝေလးကိုလည္း အားေပးၿပီးခ်စ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ကြယ္

ခက္ခက္ေဝ သရဖူဇာတ္လမ္းတြဲ mrtv4series” ဆိုၿပီး အမွတ္တရေတြကို ျပသလာပါတယ္။အင္ၾကင္းထူးကေတာ့ ဇာတ္လမ္းထဲက ေဒၚစိန္ေ႐ႊဆင့္ဟာ ေမာက္ မာၿပီး အဆင့္အတန္းခြဲျခားေပမယ့္ အျပင္က စိုးျမတ္သူဇာကေတာ့ သ႐ုပ္ေဆာင္အသစ္ေတြအေပၚ ေဖးမၿပီး အရမ္းခ်စ္စရာေကာင္းတယ္လို႔ ေျပာလာတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးလည္း သရဖူ ဇာတ္ကားၿပီးသြားသည့္တိုင္ ခက္ခက္ေဝေနရာကေန သ႐ုပ္ေဆာင္ထားတဲ့ အင္ၾကင္းထူးကို ဆက္လက္ၿပီး အားေပးခ်စ္ခင္ေပးၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.