ထူးခြားတဲ့အသံပိုင်ရှင် မင်းသမီးလေး ပပဝင်းခင်က တော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်း နှလုံးကို ပိုင်စိုးထားနိုင်သူလေးတစ်ယောက်ဖြစ်ပါတယ်။
ပပဝင်းခင်က နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး သာမာန်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ပဲ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ပပဝင်းခင် တစ်ယောက် အရင်လိုဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် အရင်လို အချစ်မလျော့ပဲ အားပေးနေကြဆဲဖြစ်ပါတယ်။
ပပဝင်းခင်ကတော့ သရုပ်ဆောင်မင်းသမီးအလုပ်ကိုစွန့်လွှတ်လိုက်ပြီဖြစ်တဲ့အတွက် သူမရဲ့ဘဝကို စိတ် ကြိုက်ဖြတ်သန်းနေလျက်ရှိသလို အလှအပရေးရာနဲ့ပတ်သက်ပြီးလည်း စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ပြောလာပါတယ်။
ပပဝင်းခင်က “ဆံပင်မညှပ် , အလှအပ စိတ်မဝင်စားတော့တာ ကြာပေါ့” ဆိုပြီး သူမရဲ့ ရိုးရှင်းလှတဲ့ အလှလေးကို ပရိသတ်တွေဆီ ရဲရဲဝံ့ဝံ့ချပြလာခဲ့ပါတယ်။
ပပဝင်းခင်ကတော့ နဂိုမျက်နှာလေးကိုက ရိုးရိုးယဉ် ယဉ်လေးနဲ့လှသူမို့ အထွေအထူးပြင်ဆင်ခြယ်သထားခြင်းမရှိတာတောင် အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း ပပဝင်းခင်ရဲ့ ပုံရိပ်လေးကိုကြည့်ရှုပြီး ကျေနပ်ကြမယ်ထင်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
အလှအပ တွေ စိတ်မဝင်စားတော့ဘူးဆိုတဲ့ အပျိုကြီး ပပဝင်းခင်