စစ်တပ်ကို အကြောက်တရားထည့်ပေးရမယ်လို့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်ဆို

စစ်တပ်ကို အကြောက်တရားထည့်ပေးရမယ်လို့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်ဆို
———
မေ၂၉ရက်

စစ်တပ်ကို အကြောက်တရားထည့်ပေးရမယ်လို့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်ဆိုပါတယ်။

မေလအတွင်းမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်က လူမှုကွန်ရက်မှာရေးသားပြောဆိုခဲ့ပါတယ်။

“စစ်တပ်ကို လူထုက အကြောက်တရားထည့်ပေးဖို့လိုအပ်တယ်၊ စစ်သားများကို CDM လုပ်ဖို့၊ ပြည်သူ့ဘက် အလင်းဝင်ဖို့၊ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ စတာတွေကို ရွှေပြည်အေးတရားဟောရုံနဲ့ မလုံလောက်ဘူး၊ ကောင်းကောင်းမွန်မွန်ပြောဆို စည်းရုံးပြီး ပါလာတဲ့ အရေအတွက်ဟာလည်း တော်တော်နည်းတဲ့အနည်းစုပဲ ဖြစ်လိမ့်မယ်။ သူတို့ကို တကယ်ပြောင်းလဲစေမှာက အကြောက်တရားပဲ၊ စစ်တပ်တွင်းမှာလည်း သူတို့ဟာ နေ့စဉ်အကြောက်တရားနဲ့ပဲ ရှင်သန်ခဲ့ကြတာပါပဲ။ အဲဒါကြောင့် သူတို့ဟာ သူတို့ထက်ပိုပြီးအင်အားကြီးမား ကြောက်စရာကောင်းတယ်လို့ထင်ရင် ကြောက်ကြမှာပဲ၊ ဒူးထောက်ကြမှာပဲ”လို့ဆိုပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ကစလို့ ယနေ့အချိန် စစ်အာဏာရှင်ဆန့်ကျင်ရင်း သေဆုံးသူလူရှစ်ရာကျော်ရှိပြီဖြစ်ပါတယ်။

အများစုဟာ လူငယ်များဖြစ်ပြီးတော့ ခေါင်းကို သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်ခဲ့တာတွေလည်းပါဝင်ပါတယ်။

“ဒီတော့ လူထုရဲ့ လက်ရှိနေတဲ့အင်အား၊ အရေးတော်ပုံတပ်သားများရဲ့ အင်အား စတာတွေဟာ စစ်ကောင်စီထက် ပိုပြီး အင်အားကြီးမားပြင်းထန်ကြောင်းကို သူတို့ သိလာ၊ ကြောက်လာ၊ သွေးပျက်လာကြဖို့လိုတယ်။ ဗီယက်နမ်မြေပေါ်က အမေရိကန်၊ ဗီယက်နမ်တိုက်ပွဲတွေမှာ အမေရိကန်စစ်သားတွေဟာ ကိုယ့်ထက် လက်နက်အင်အားနည်းတဲ့ ဗီယက်နမ်ပြောက်ကျားတပ်သားတွေကို သွေးပျက်ကြောက်ရွံ့ထိန့်လန့်လာသလိုမျိုးကို ဖြစ်လာဖို့လိုတယ်”လို့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်ကထပ်မံဆိုပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *