ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ
မေ၂၉ရက်

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

မေလ၂၉ရက်မှာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

“၂၁ ရာစုမှာ ပြည်သူ့တရားစီရင်ရေး ဆိုတာ လူပြောသူပြောများလာတာ ဖြစ်ပါတယ်။ ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်သလို၊ ဘယ်နိုင်ငံမှလည်း ဝင်ထိန်းပေးလို့ရမှာ မဟုတ်ပါဘူး။ အဆုံးစွန်ဆုံး ပြောရရင် NUG လည်း ထိန်းလို့ရမှာမဟုတ်ပါဘူး။ အခုတလော ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ လူသတ်မှုမှန်သမျှဟာ NUG ဝန်ကြီးအဖွဲ့ဝင်များ စေခိုင်းချက်နဲ့ လုပ်တာ တစ်ခုမှ မပါဘူး (မဟုတ်ဘူး) ဆိုတာတော့ အာမခံပါတယ်။ ပြည်သူများ မလုံမခြုံခံစားလာရပြီး အားကိုးရှာလာအောင် လှည့်ကွက်ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်”လို့ဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအသီးသီး ဖွဲ့စည်းပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှုမှာ တရားမဝင်မှုများစွာလုပ်ဆောင်ခဲ့ပါတယ်။

“မြန်မာပြည်မှာ တောရော မြို့ပါမကျန် ပြည်သူတရပ်လုံးကို နွေးထွေးလုံခြုံမှုပေးနိုင်သော အစိုးရ တရပ် အမှန်တကယ် လိုအပ်နေပြီ ဖြစ်တယ်။ ဒီလို အစိုးရကို ခိုင်မာစေဖို့ ဥပဒေအောက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တစ်ခု ရှိလာဖို့ ဆိုရင် လက်ရှိ ရှိနေသော စစ်ကောင်စီလက်ဝေခံ စစ်တပ်ကို အစားထိုးမယ့် professional စစ်တပ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါကို လုံခြုံရေး ရှုထောင့်မှကြည့်ရင်လဲ လိုအပ်ချက်တရပ် ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ရဲ့ အမိန့်နာခံတဲ့ စစ်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရမှာပါ”လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *