ချစ်သူကျားပေါက်ဆီက အချစ်ရဆုံးအရာလေးကို ချပြလာတဲ့ ဆွီဝတ်ရည်သောင်း

အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ အဆိုတော် ကျားပေါက်တို့ရဲ့ အချစ်ရေးဟာတော့ ပရိသတ်တွေကြားမှာစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုပါပဲ။

တူညီတဲ့ ဂီတနယ်ပယ်ထဲမှာ ကျင်လည်ရင်း ချစ်ကြိုက်သွားခဲ့တဲ့ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြားအသိပေးခဲ့ပြီးပြီဖြစ်ပါတယ်။

ဆွိဝတ်ရည်သောင်းကတော့ ကျားပေါက်ဟာ လူပျိုတစ်ယောက်မဟုတ်ပေမယ့် ကျားပေါက်ရဲ့အချစ်နဲ့မေ တ္တာတစ်ခုတည်းကိုကြည့်ပြီး ကျားပေါက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတဲ့အကြောင်းတွေ ဖွင့်ဟပြောဖို့ ဝန်မလေးတတ်တဲ့ ဆွိဝတ်ရည်သောင်းဟာဒီကနေ့မှာလည်း ကျားပေါက်နဲ့ပတ်သက်ပြီး သူမမြတ်နိုးတန်ဖိုးထားရတဲ့အရာလေးကို ပြသလာပါတယ်။

ဆွိဝတ်ရည်သောင်းက ကျားပေါက်ရဲ့လက်ကို ဓာတ်ပုံရိုက်ပြီး “ပန်းချီဆေးတွေပေနေတဲ့လက်သွယ်သွယ်လေးတွေကအစ ချစ်ရပါတယ်” ဆိုပြီး သူမရဲ့ Story မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ကျားပေါက်ကတော့ မိန်းမနဲ့တရားဝင်ကွာရှင်းပြီးသားဖြစ်ပေမယ့် သမီးနှစ်ယောက်ရှိသေးတာကို တစ်နိုင်ငံလုံးအသိပဲဖြစ်ပါတယ်။ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့ အချစ်လမ်းခရီး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.