အောင်မြင်မှုဆိုတာ လက်တစ်ကမ်းရောက်နေပြီမို့ အားတင်းထားကြပါဆိုတဲ့ မူးလာ

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ မှတစ်ဆင့် နာမည်ကြီးလူသိများလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ်မူးလာ ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။

သူကတော့ ဆံပင်ရှည်ထားရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီးရော့ခ်သီချင်းလေးကိုသီဆိုရတာကြိုက် နှစ် သက်သူတစ်ဦးလဲ ဖြစ်ပါတယ်။ မူးလာ ဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေကို မူလီလေးတွေလို့ တင်စားခေါ်တတ်ပါသေးတယ်။

ဒါကြောင့်လဲ သူ့ရဲ့ပထမဆုံးတတ်တူးအဖြစ် အရေပြားပေါ်မှာ မူလီဆိုတဲ့ စာသားလေးကို ထိုးခဲ့ပြီး ပရိသတ်တွေကို ချစ်ကြောင်းပြသခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာ မူးလာ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေတာကို တွေ့ရပါတယ်။

ဒါအပြင်ပြည်သူတွေကိုလဲသွေးမအေးစေဖို့ အမြဲ တမ်းအားပေးနေပါသေးတယ်။ဒီကနေ့မှာလဲ အောင်မြင်မှု့ဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတော့တယ်လို့ ပြည်သူတွေကို အားပေးလိုက်ပါသေးတယ်။

မျှော်မှန်းတဲ့ နေ့ရက် ရောက်ဖို့တော့ လွယ်လွယ်နဲ့တော့မရဘူးအားတင်းနေတဲ့တော်လှန်ရေးပြည်သူများနဲ့ယော င်းရင်းများကြောင့် အောင်မြင်မှု ဆိုတာ လက်တကမ်းမှာပဲ သွေးကွဲလို့မရဘူး မပြစ်ဖို့နေရုံနဲ့မပြီးဘူး ဘာလုပ်မလဲ ဆက်တိုက်ကြမယ် ဒီခွေးများရဲ့ နေဝင်ချိန် နီးလာပြီ အရေးတော်ပုံအောင်ကိုအောင်ရမည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကဲပရိသတ်ကြီးရေ ‌အောင်မြင်မူ့ဆိုတာ လက်တစ်ကမ်းမှာပဲရှိ‌တော့တယ်နော်။မူးလာရဲ့ အားပေးစကားကြောင့် ချစ်တဲ့ပြည်သူတွေလဲ အားတတ်နိုင်ကြပြီ ထင်ပါတယ် ။ ဒါကြောင့် သွေးမအေးပဲ ဆက်လက်ပြီး တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.