စေတနာကောင်းတဲ့ အဒေါ်ကြီးကို ပြန်ပြီး စေတနာတွေ ထားလိုက်တဲ့ ရဲနောင်ရဲ့ ကြည်နူးစရာ video

ဂီတနယ်ပယ်မှာနေရာတစ်နေရာကို ရပ်တည်ပြီး အောင် မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူကတော့ အဆို တော် ရဲနောင် ပဲ ဖြစ်ပါတယ်။ ရဲနောင်ဟာ နာမည်ကြီး Myanmar ido အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဂီတကို အကောင်းဆုံးကြိုးစားနေသလို Online ကနေ ဂီတာတီး သင်တန်းလေးဖွင့်ထားတာ တွေ့ရပါတယ်။

ဘဝကို ဂီတနှင့်ရှင်သန်နေတဲ့ ရဲနောင်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုလည်း တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဇနီးချောလေးက ရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့ အကြောင်းလေးကို ဝမ်းသာအားရ ဖွင့်ဟလာခဲ့တာ တွေ့ရပါတယ်။ ယခုအခါမှာတော့ ပရိသတ်တွချစ်တဲ့ ရဲနောင်က ကြည်နူးစရာ ဗီဒီယိုလေးတစ်ပုဒ်ကို ဖော်ပြလာခဲ့ပါတယ်။

ဒါကတော့ ကြင်နာတတ်တဲ့ သူတွေကို လိုက်ရှာပြီး ပြန် လည်ကူညီပေးခဲ့တာလေးပါ။ ဗီဒီယိုလေးထဲမှာတော့ ရဲနောင်က ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီး အဒေါ်အရွယ်နှစ်ဦးဆီမှာ သွားရောက်အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

စိတ်ထားကောင်းပြီးကြင်နာတတ်တဲ့သူဖြစ်တာကြောင့် ရဲနောင်က ငွေကျပ် ၁ သိန်းအားပြန်လည် ဂုဏ်ပြု ကူ ညီပေးခဲ့တာ ဖြစ်ပါတယ်။ ရဲနောင်ရဲ့ ဗီဒီယိုလေးဟာ တကယ့်ကို ကြည်နူးစရာဖြစ်တာကြောင့် ပရိသတ်တွေလည်း သဘောကျမိမယ်လို့ မျှော်လင့်မိပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.