စစ်ကောင်စီမှ ပတ်စ်ပိုစ်စာအုပ် သိမ်းလိုက်ခြင်းကြောင့် ဒုက္ခရောက်နေရှာတဲ့ နန်းမွေစံ

မြန်မာနိုင်ငံမှ Sexy မော်ဒယ် နန်းမွေစံဟာ ပြီးခဲ့ တဲ့လအတွင်း ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ သူ့ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်းသွား တိုးစဉ် နိုင် ငံကူးလက် မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရပြီး သူ သွားရောက်မယ့် ဘန်ကောက်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ပြောပြချက်အရ နန်းမွေစံရဲ့ ပတ်စ်ပို့စာအုပ်ကို မတ် ၃၁ ရက်ကတည်းက ပြန်မပေးခဲ့တာကြောင့် ဘန်ကောက် သွားမယ့်ခရီးစဉ် ဖျက်သိမ်း ခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက နန်းမွေစံရဲ့ နိုင်ငံကူးလက် မှတ်နဲ့ ခရီးသွားခွင့် စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပြီး ပတ်စ်ပို့စာအုပ်အသစ်ကို ထုတ်ပေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သို့သော် မည်သည့်အတွက်ကြောင့် ယခုလို ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမူ ဖော်ပြထားခြင်း မရှိခြင်းပေ။နန်းမွေစံကသူ့ရဲ့ဖခင် ကျန်းမာရေးကြောင့် ဘန်ကောက် ရီးစဉ်သွားရောက်ဖို့ ပတ်စ်ပို့စာအုပ် သက် တမ်းသွားတိုးစဉ်မှာ အခုလို ကြုံခဲ့ရတာဖြစ်ပြီး ဒါဟာ မတရားဘူးလို့လည်း ထိုင်းသတင်းမီဒီယာတွေကို ဖြေ ကြားထားပါတယ်။

သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေလည်း ဒီသ တင်းအကြောင်းအရာတွေကို မျှဝေထားပါတယ်။ ဧရာ ဝတီသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ နန်းမွေစံထံ ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပေ။

နန်းမွေစံဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက Sexy အ ဖော်အချွတ် ဓာတ်ပုံများ ရိုက်ကူးခြင်းကြောင့် သူ့ရဲ့ ဆေးကုသခွင့်လိုင်စင် (ဆမလက်မှတ်) သိမ်းဆည်းခံခဲ့ရပြီး နန်းမွေစံဟာ Only Fans ဝက်ဘ်ဆိုက်မှာ ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်အနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။

Sexy မော်ဒယ် နန်းမွေစံကတော့ Facebook လူမှုကွန် ရက်မှာ Follower ၂သိန်း ၇ သောင်းကျော်နဲ့ Instagram လူမှုကွန်ရက်မှာ Follower ၆ သိန်း ၁ သောင်းကျော် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တဦးဖြစ်ပြီး သူ့ရဲ့ Sexy ဓာတ်ပုံများ ရိုက်ကူးခြင်းကနေ ၁ လဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

စစ္ေကာင္စီမွ ပတ္စ္ပိုစ္စာအုပ္ သိမ္းလိုက္ျခင္းေၾကာင့္ ဒုကၡေရာက္ေနရွာတဲ့ နန္းေမြစံ

ျမန္မာနိုင္ငံမွ Sexy ေမာ္ဒယ္ နန္းေမြစံဟာ ၿပီးခဲ့ တဲ့လအတြင္း ရန္ကုန္ၿမိဳ႕က နိုင္ငံကူးလက္မွတ္႐ုံးမွာ သူ႕ရဲ႕ ပတ္စ္ပို႔စာအုပ္ သက္တမ္းသြား တိုးစဥ္ နိုင္ ငံကူးလက္ မွတ္ (ပတ္စ္ပို႔) သိမ္းဆည္းခံရၿပီး သူ သြားေရာက္မယ့္ ဘန္ေကာက္ခရီးစဥ္ကိုလည္း ဖ်က္သိမ္းလိုက္ရတယ္လို႔ သိရပါတယ္။

အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္ ေျပာျပခ်က္အရ နန္းေမြစံရဲ႕ ပတ္စ္ပို႔စာအုပ္ကို မတ္ ၃၁ ရက္ကတည္းက ျပန္မေပးခဲ့တာေၾကာင့္ ဘန္ေကာက္ သြားမယ့္ခရီးစဥ္ ဖ်က္သိမ္း ခဲ့ရတယ္လို႔ ဆိုပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက နန္းေမြစံရဲ႕ နိုင္ငံကူးလက္ မွတ္နဲ႕ ခရီးသြားခြင့္ စာ႐ြက္စာတမ္းေတြကို သိမ္းဆည္းခဲ့ၿပီး ပတ္စ္ပို႔စာအုပ္အသစ္ကို ထုတ္ေပးမွာ မဟုတ္ေၾကာင္းနဲ႕ နိုင္ငံျခားခရီးသြားခြင့္ ပိတ္ပင္ခဲ့တယ္လို႔ ထိုင္းသတင္းဌာနေတြမွာ ေဖာ္ျပထားပါတယ္။

သို႔ေသာ္ မည္သည့္အတြက္ေၾကာင့္ ယခုလို ဖ်က္သိမ္းခံရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ကိုမူ ေဖာ္ျပထားျခင္း မရွိျခင္းေပ။နန္းေမြစံကသူ႕ရဲ႕ဖခင္ က်န္းမာေရးေၾကာင့္ ဘန္ေကာက္ ရီးစဥ္သြားေရာက္ဖို႔ ပတ္စ္ပို႔စာအုပ္ သက္ တမ္းသြားတိုးစဥ္မွာ အခုလို ႀကဳံခဲ့ရတာျဖစ္ၿပီး ဒါဟာ မတရားဘူးလို႔လည္း ထိုင္းသတင္းမီဒီယာေတြကို ေျဖ ၾကားထားပါတယ္။

သူ႕ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေနလည္း ဒီသ တင္းအေၾကာင္းအရာေတြကို မွ်ေဝထားပါတယ္။ ဧရာ ဝတီသတင္းဌာနအေနနဲ႕ သီးျခားအတည္ျပဳခ်က္ရနိုင္ဖို႔ နန္းေမြစံထံ ဆက္သြယ္ေမးျမန္းထားေပမယ့္ လက္ရွိအခ်ိန္ထိ အဆက္အသြယ္ မရေသးေပ။

နန္းေမြစံဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းက Sexy အ ေဖာ္အခြၽတ္ ဓာတ္ပုံမ်ား ရိုက္ကူးျခင္းေၾကာင့္ သူ႕ရဲ႕ ေဆးကုသခြင့္လိုင္စင္ (ဆမလက္မွတ္) သိမ္းဆည္းခံခဲ့ရၿပီး နန္းေမြစံဟာ Only Fans ဝက္ဘ္ဆိုက္မွာ ပေရာ္ဖက္ရွင္နယ္ Sexy ေမာ္ဒယ္အေနနဲ႕ ရပ္တည္ေနသူ ျဖစ္ပါတယ္။

Sexy ေမာ္ဒယ္ နန္းေမြစံကေတာ့ Facebook လူမႈကြန္ ရက္မွာ Follower ၂သိန္း ၇ ေသာင္းေက်ာ္နဲ႕ Instagram လူမႈကြန္ရက္မွာ Follower ၆ သိန္း ၁ ေသာင္းေက်ာ္ ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္ တဦးျဖစ္ၿပီး သူ႕ရဲ႕ Sexy ဓာတ္ပုံမ်ား ရိုက္ကူးျခင္းကေန ၁ လဝင္ေငြ အေမရိကန္ေဒၚလာ ၇၀၀၀ ကေန ၁၀၀၀၀ အထိ ရွိတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published.