မနက်ဖြန် မှာ စတင်ပြသတော့မဲ့ နိုင်ငံပျောက်သူ ဇတ်ကားနဲ့ ပက်သက်လို့ အရေးကြီးတဲ့ အချက်လေးတွေ ပြောပြလာတဲ့ ပိုင်ဖြိူးသု

ပွားပြန်ပြီလို့တော့မထင်ပါနဲ့ကွယ် ရုပ်ရှင်ကြည့်နည်းလေး ပြောပြချင်လို့ပါမနက်ဖြန်နံနက်(၈:၀၀) ကစပြီး “နိုင်ငံပျောက်သူ” ဇာတ်ကားတိုကို ပဒေသာပင် YouTube channelမှာစတင်တော့မယ်ဆိုတော့စိတ်ပူမိတာလေးတွေရှိပါတယ်

အားလုံးသိပြီးကြတဲ့အတိုင်း သုသုတို့တွေကိုယ်ပိုင် social media accountတွေကနေမတင်ပဲ Pa Day Thar Pin ကနေတင်တယ် Nway Oo Video App က‌နေတင်မယ်ဆိုတာကလေ

နွေဦးတော်လှန်ရေးအ တွက် ရန်ပုံငွေရအောင်ပါဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ရုပ်ရှင်လည်း ကြည့်ရင်း တော်လှန်ရေးကိုလည်းအားဖြည့်ကူညီမယ် ဆိုပြီးစေ တနာအပြည့်နဲ့ ဝိုင်းကြည့်ပေးကြမယ့် သူတွေထဲက

စေတနာအမှားနဲ့ YouTube videoရဲ့ direct link တွေ Facebookမှာတင်ပေးတာမျိုးလည်းမလုပ်ကြပါနဲ့နော်အဲဒီlink တွေကနေဝင်တဲ့သူများရင် unusual trafficဖြစ်တယ်ဆိုပြီး youtubeကရစ်ရင် Pa Day Thar Pin ဝင်ငွေရပ်သွားတာမျိုးဖြစ်နိုင်လို့ပါ

အဲဒါကြောင့် အကောင်းဆုံးကတော့အားပေးချင်တယ်ဆိုရင်လေ youtube app ကိုဖွင့် ဇာတ်ကားနာမည် “နိုင်ငံပျောက်သူ” ကို search မှာနှိပ်ရှာပြီးကြည့်တာမျိုးလေးပဲလုပ်ပေးကြပါနော်ဆရာမကြီးလုပ်တာမဟုတ်ပါဘူးနော်စေတနာအမှားလုပ်မိမှာစိုးလို့ နည်းနည်းလေး a little လျှာဝင်ရှည်မိတာပါရှင့် ဆိုပြီး ပြောလာတာဖြစ်ပါတယ်

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

မနက်ဖြန် မှာ စတင်ပြသတော့မဲ့ နိုင်ငံ​ပျောက်သူ ဇတ်ကားနဲ့ ပက်သက်လို့ အရေးကြီးတဲ့ အချက်လေးတွေ ပြောပြလာတဲ့ ပိုင်ဖြိုးသု






Leave a Reply

Your email address will not be published.