နော်မာသထူးဝါးလေးရဲ့ မိခင် မမိုင်ကွယ်လွန်

ပရိသတ်ကြီးရေ နော်မာသထူးဝါးကတော့ “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။

နော်မာသထူးဝါးကတော့ သူ့ရဲ့ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း (၂၀၁၆)ခုနှစ်ကစလို့ ကိုးရီးယားနိုင်ငံသို့ မိခင်ရယ် မောင်လေး ၂ယောက်ရယ်နဲ့ အတူပြောင်းရွှေ့နေထိုင်ခဲ့ပြီး လက်ရှိ ကိုရီယားနိုင်ငံမှာ အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိထားခဲ့တာပဲဖြစ်ပါတယ်။

နော်မာသထူးဝါးရဲ့ မိခင်ဖြစ်သူ မမိုင်ကတော့ လွန်ခဲ့တဲ့ လအနည်းငယ်ကစလို့ အသည်းကင်ဆာရောဂါ အဆင့် (၄)ကို ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။

ရောဂါဝေဒနာဒဏ်ကို ခံစားနေရကာ ဆေးကုသမှုခံယူနေရင်း ဒီကနေ မနက် ကိုရီယားစံတော်ချိန် (၆း၄၉)နာရီမှာ ကိုရီးယားနိုင်ငံရှိ Catholic University S.Mary Hospital (Bucheon) ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

လတ်တလောမှာတော့ နော်မာသထူးဝါးရဲ့မိခင်ကြီး ရုပ်ကလာပ်ကို Catholic University S.Mary Hospital (Bucheon) ဆေးရုံတွင် ထားရှိပြီး ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့တွင် ကျင်းပသွားရန် စီစဉ်ထားတယ်လို့လည်း သိရှိရပါတယ်။

မိခင်ကြီးကွယ်လွန်ချိန်မှာတော့ နော်မာသထူးဝါးတို့က တော့ မောင်နှမ(၃)ယောက်သာ ကျန်ရှိခဲ့ပြီး ပရိသတ်တွေကတော့ နော်မာသထူးဝါးတို့ မောင်နှမတွေအတွက် စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ နော်မာသထူးဝါးရဲ့ မိခင်ကြီးကောင်းရာဘုံဘဝကိုရောက်ရှိစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေနာ္မာသထူးဝါးေလးရဲ႕ မိခင္ မမိုင္ကြယ္လြန္

ပရိသတ္ႀကီးေရ ေနာ္မာသထူးဝါးကေတာ့ “အိမ္ေလးတစ္လုံး လိုခ်င္တယ္” သီခ်င္းေလးနဲ႕ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္အဆိုေတာ္မေလးတစ္ေယာက္ပဲျဖစ္ပါတယ္။

ေနာ္မာသထူးဝါးကေတာ့ သူ႕ရဲ႕ဖခင္ျဖစ္သူ ကြယ္လြန္ၿပီးေနာက္ပိုင္း (၂၀၁၆)ခုႏွစ္ကစလို႔ ကိုးရီးယားနိုင္ငံသို႔ မိခင္ရယ္ ေမာင္ေလး ၂ေယာက္ရယ္နဲ႕ အတူေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၿပီး လက္ရွိ ကိုရီယားနိုင္ငံမွာ အဆိုေတာ္တစ္ေယာက္အျဖစ္ ေအာင္ျမင္မႈေတြရရွိထားခဲ့တာပဲျဖစ္ပါတယ္။

ေနာ္မာသထူးဝါးရဲ႕ မိခင္ျဖစ္သူ မမိုင္ကေတာ့ လြန္ခဲ့တဲ့ လအနည္းငယ္ကစလို႔ အသည္းကင္ဆာေရာဂါ အဆင့္ (၄)ကို ခံစားေနခဲ့ရတာပဲျဖစ္ပါတယ္။

ေရာဂါေဝဒနာဒဏ္ကို ခံစားေနရကာ ေဆးကုသမႈခံယူေနရင္း ဒီကေန မနက္ ကိုရီယားစံေတာ္ခ်ိန္ (၆း၄၉)နာရီမွာ ကိုရီးယားနိုင္ငံရွိ Catholic University S.Mary Hospital (Bucheon) ကြယ္လြန္သြားခဲ့ေၾကာင္း သိရွိရသည္။

လတ္တေလာမွာေတာ့ ေနာ္မာသထူးဝါးရဲ႕မိခင္ႀကီး ႐ုပ္ကလာပ္ကို Catholic University S.Mary Hospital (Bucheon) ေဆး႐ုံတြင္ ထားရွိၿပီး ဈာပနအခမ္းအနားကို တနဂၤေႏြေန႕တြင္ က်င္းပသြားရန္ စီစဥ္ထားတယ္လို႔လည္း သိရွိရပါတယ္။

မိခင္ႀကီးကြယ္လြန္ခ်ိန္မွာေတာ့ ေနာ္မာသထူးဝါးတို႔က ေတာ့ ေမာင္ႏွမ(၃)ေယာက္သာ က်န္ရွိခဲ့ၿပီး ပရိသတ္ေတြကေတာ့ ေနာ္မာသထူးဝါးတို႔ ေမာင္ႏွမေတြအတြက္ စိတ္မေကာင္းျဖစ္ေနခဲ့ၾကပါေသးတယ္။ ပရိသတ္ႀကီးေရ ေနာ္မာသထူးဝါးရဲ႕ မိခင္ႀကီးေကာင္းရာဘုံဘဝကိုေရာက္ရွိေစဖို႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.