မြောက်ဦးဆရာတော်ဘုရားထံမှာ သေရည်သေရက်ကို ရာသက်ပန် လှုလိုက်တဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ဘုန်းလျှံကတော့အရပ်မြင့်မြင့်နဲ့ယော ကျာ်းပီသတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့မင်းသားတစ်လက်ပါ။ပီပြင်တဲ့သရုပ်ဆောင်ချက်နဲ့ ခပ်ကြမ်းကြမ်ကာရိုက်တာတွေမှာလည်းပိုင်နိုင်လွန်းတဲ့သူ့ကိုတော့

ဗီဒီယိုဇာတ်လမ်းတွဲတွေခေတ်ထဲကအားပေးခဲ့ကြတဲ့ပရိသတ်တွေဟာ အခုချိန်ထိပါပဲနော်။အခုချိန်မှာလည်း အိမ်ထောင်သည်ဘဝကိုချစ်ဇနီးချောလေးနဲ့အတူ ဖြတ်သန်းကာ သာယာပျော်ရွှင်တဲ့အိမ် ထောင်ရေးကို ပိုင်ဆိုင်ထားသူပါ။

ဒါ့အပြင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးလာပြီး လက်ရှိမှာလည်း ပရိသတ်တွေအထူးစိတ်ဝင်စားလျက်ရှိတဲ့အိပ်မက်ထဲကအိပ်မက်ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတာပါ။

ဒီနေ့မှာတော့”မြောက်ဦးဆရာတော်ကြီးရဲ့မေတ္တာရိပ်အောက်မှာဒီနေ့မှ၍ သေရည်သေရက်ကိုရာသက်ပန်စွန့်လွှတ်ပြီးဆရာတော်ကြီးအားအဲ့ကုသိုလ်ကိုလှုဒါန်းပါ၏ဘုရားဒီနေ့ဟာတန်ဖိုးအရှိဆုံးနေ့တနေ့ဖြစ်ပါ၏

ဘုရားဆရာတော်ကြီးကျန်းမာပါစေ”ဆိုတဲ့စာလေးနဲ့ သူရဲ့ တန်ဖိုးရှိတဲ့လုပ်ရပ်တစ်ခုကိုပြုလုပ်ခဲ့ကြောင်းပရိသတ်တွေသိအောင်ပြောပြလာခဲ့တာပါ။ပရိသတ်တွေလည်း ဘုန်းလျှံရဲ့ တန်ဖိုးရှိလှတဲ့ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.