ပြောင်းလဲမှုတွေ အများကြီး လုပ်လိုက်တဲ့ အစီစဉ်တင်ဆက်သူ ဇင်အောင်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဇင်အောင်ကတော့ ပရိသတ်တွေ မသိသူမရှိလောက်ဘူးလို့ ထင်ပါတယ်။

ဇင်အောင်ဟာ နာမည်ကြီးအစီအစဉ်တွေများစွာကို စီ စဉ်တင်ဆက်ပေးခဲ့သူဖြစ်ပြီး ပွဲအခမ်းအနားတွေများစွာကို တင်ဆက်ပေးရသူတစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဇင်အောင်ဟာ ကြော်ငြာအချို့ကိုလည်း ရိုက်ကူးပေးပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လာခဲ့တာကို တွေ့ရပါတယ်။

သာမာန်အမျိုးသားတွေထက် ဖက်ရှင်ကိုဦးစားပေးဝတ်ဆင်တတ်ပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း ပြုပြင်ပြောင်းလဲနေတဲ့ ဇင်အောင်ဟာ ဒီတစ်ခါမှာတော့ သူတင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။

ဇင်အောင်က ထူထဲတဲ့ မျက်ခုံးမွှေးတက်တူးနဲ့ ဆံပင်တုတို့ကြောင့် အခြားလူတစ်ယောက်လိုပြောင်းလဲသွားခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဇင်အောင်ကတော့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် တချို့သောပရိသတ်တွေကတော့ ဇင်အောင်ရဲ့ပြောင်း လဲမှုကို သဘောကျသလို တချို့ကတော့ သဘောကျနှစ်ခြိုက်ခြင်းမရှိပါဘူး။ပရိသတ်ကြီးကရောဇင်အောင်ရဲ့ဓာတ်ပုံလေးတွေကိုကြည်ပြီး မှတ်ချက်တစ်ခုခုရေး သားပေးခဲ့ပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.