မြန်မာနိုင်ငံရှိ စက်သုံးဆီ အခြေနေ သိရိလင်္ကာ နိုင်ငံ ကဲ့သို့ ဖြစ်တော့မည်

စက်သုံးဆီဈေးကွက်အတွင်း၌ နိုင်ငံခြားမှ တင်သွင်းနေသည့် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ မလုံမလောက်ဖြစ်ကာ ပြတ်လပ်နေသဖြင့်တဆင့်ခံ အရောင်းဆိုင်များသာမက နိုင်ငံခြားမှ စက်သုံးဆီ တိုက်ရိုက်တင်သွင်းနေသည့် လက်ကားကုမ္ပဏီကြီးများ၏ ဆိုင်ခွဲများ၌ပင် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ အရောင်းရပ်နားရသည့်အခြေအနေဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့ရှိ မြတ်မေတ္တာမွန်၊ Denko၊ Asia Sun၊ PT Power၊ ငွေဗျိုင်းဖြူနှင့် Max Energy စသည့် ကုမ္ပဏီများမှာ စင်္ကာပူ၊ မလေးရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ စက်သုံးဆီများကို မြန်မာပြည်အတွက် တင်သွင်းနေတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဆိုပါကုမ္ပဏီတွေရဲ့ ဆီဆိုင်တချို့တောင် ပိတ်ထားတာကို တွေ့ရပါတယ်။

ဆီလက်ကျန်နည်းနေတဲ့အတွက် ပြည်တွင်းစက်သုံးဆီအရောင်း ခဏရပ်ထားမယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့ပေမယ့် အဲဒီနေ့မှာပဲ စစ်ကောင်စီကပြည်တွင်းမှာစက်သုံးဆီမပြတ်ရ အောင် အလုံ အ လောက်လုပ်ပေးနေတယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းအဆိုအရ လက်ကား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Denko ကုမ္ပဏီ အနေဖြင့် ဆက်လက်ရောင်းချရန် အောက်တိန်းဓာတ်ဆီ 92 နှင့် 95 များ လက်ကျန်နည်းပါးနေသဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဆိုင်ခွဲများကိုသာ ဦးစားပေးရောင်းပေးမည် ဖြစ်ကြောင်းနှင့် နိုင်ငံအနှံ့ရှိ အခြားဒေသမှ ဆိုင်ခွဲပေါင်း ၃၈ ဆိုင်၌ ဆီလက်ကျန်ကုန်ချိန်တွင် အရောင်း ရပ်နားတော့မည်ဖြစ်ကြောင်း စစ်ကောင်စီထံ တင်ပြထားသည်ဟု သိရပါတယ်။

ပြည်တွင်း၌ အောက်တိန်းဓာတ်ဆီများကိုအကန့် အ သတ်မရှိရောင်းချပြီး မကြာမီမှာပင် စက်သုံးဆီလက် ကား ကုမ္ပဏီကြီးများမှာ ဆီမလုံမလောက်ဖြစ်လာသဖြင့် ကုမ္ပဏီအချင်းချင်း ချေးငှားခြင်း၊ ဝယ်ယူခြင်းများဖြင့် ဝေမျှရောင်းချပေးသည့်တိုင် စက်သုံးဆီပြတ်လတ်မှုမှာ ပိုမိုဆိုးရွားလာသဖြင့် ဆိုင်ခွဲများ၌ အရောင်းပိတ်ရသည်အထိအခြေအနေဆိုးလာခြင်းဖြစ် ကြောင်း စက်သုံးဆီလုပ်ငန်း အ သိုင်းအဝိုင်းထံမှ သိရပါတယ်။

စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းက ရရှိလာသည့် နိုင်ငံခြားငွေမှန်သမျှကို ၂၄ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ် လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့်ဗဟိုဘဏ်သို့ ပြန်ရောင်းရန်နှင့် ကန်ဒေါ်လာအသုံးပြုလိုသူ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေ ဝယ်ယူခွင့်လျှောက်ထားရမည်ဖြစ်ကာ ခွင့်ပြုချက်ဖြင့်သာ နိုင်ငံခြားငွေ သုံးစွဲခွင့်ပြုမည်ဟု ဧပြီလ ၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်က ပြည်တွင်းမှာ သုံးစွဲမှုမှန်သမျှကို ကျပ်ငွေဖြင့်သာ သုံးစွဲရမည်ဟု အမိန့်ထုတ်ထားပြီး လက်ထဲရှိသမျှ ဒေါ်လာတွေကို ထိန်း သိမ်းထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အခက်တွေ့နေပါတယ်။ မြန်မာ့စက်သုံးဆီ အကျပ် အတည်းဟာ ရေရှည်ဖြစ်လာနိုင်ပြီး သီရိလင်္ကာနိုင်ငံလို စက်သုံးဆီတွေ လုံးဝပြတ်တောက်သွားတဲ့ အခြေအနေ ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ျမန္မာနိုင္ငံရွိ စက္သုံးဆီ အေျခေန သိရိလကၤာ နိုင္ငံ ကဲ့သို႔ ျဖစ္ေတာ့မည္

စက္သုံးဆီေဈးကြက္အတြင္း၌ နိုင္ငံျခားမွ တင္သြင္းေနသည့္ ေအာက္တိန္းဓာတ္ဆီ 92 ႏွင့္ 95 မ်ား မလုံမေလာက္ျဖစ္ကာ ျပတ္လပ္ေနသျဖင့္တဆင့္ခံ အေရာင္းဆိုင္မ်ားသာမက နိုင္ငံျခားမွ စက္သုံးဆီ တိုက္ရိုက္တင္သြင္းေနသည့္ လက္ကားကုမၸဏီႀကီးမ်ား၏ ဆိုင္ခြဲမ်ား၌ပင္ ေအာက္တိန္းဓာတ္ဆီ 92 ႏွင့္ 95 မ်ား အေရာင္းရပ္နားရသည့္အေျခအေနျဖစ္ေပၚေနပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ ျမတ္ေမတၱာမြန္၊ Denko၊ Asia Sun၊ PT Power၊ ေငြဗ်ိဳင္းျဖဴႏွင့္ Max Energy စသည့္ ကုမၸဏီမ်ားမွာ စကၤာပူ၊ မေလးရွားႏွင့္ ေတာင္ကိုရီးယားနိုင္ငံတို႔မွ စက္သုံးဆီမ်ားကို ျမန္မာျပည္အတြက္ တင္သြင္းေနတဲ့ ကုမၸဏီႀကီးေတြ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အဆိုပါကုမၸဏီေတြရဲ႕ ဆီဆိုင္တခ်ိဳ႕ေတာင္ ပိတ္ထားတာကို ေတြ႕ရပါတယ္။

ဆီလက္က်န္နည္းေနတဲ့အတြက္ ျပည္တြင္းစက္သုံးဆီအေရာင္း ခဏရပ္ထားမယ္လို႔ စက္သုံးဆီလုပ္ငန္းရွင္မ်ား အသင္းက ၿပီးခဲ့တဲ့ ေမလ ၁၉ ရက္ေန႕က ထုတ္ ျပန္ေၾကညာခဲ့ေပမယ့္ အဲဒီေန႕မွာပဲ စစ္ေကာင္စီကျပည္တြင္းမွာစက္သုံးဆီမျပတ္ရ ေအာင္ အလုံ အ ေလာက္လုပ္ေပးေနတယ္လို႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

စက္သုံးဆီလုပ္ငန္းအသိုင္းအဝိုင္းအဆိုအရ လက္ကား ကုမၸဏီႀကီးတစ္ခုျဖစ္သည့္ Denko ကုမၸဏီ အေနျဖင့္ ဆက္လက္ေရာင္းခ်ရန္ ေအာက္တိန္းဓာတ္ဆီ 92 ႏွင့္ 95 မ်ား လက္က်န္နည္းပါးေနသျဖင့္ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္းႏွင့္ ေနျပည္ေတာ္ရွိ ဆိုင္ခြဲမ်ားကိုသာ ဦးစားေပးေရာင္းေပးမည္ ျဖစ္ေၾကာင္းႏွင့္ နိုင္ငံအႏွံ႕ရွိ အျခားေဒသမွ ဆိုင္ခြဲေပါင္း ၃၈ ဆိုင္၌ ဆီလက္က်န္ကုန္ခ်ိန္တြင္ အေရာင္း ရပ္နားေတာ့မည္ျဖစ္ေၾကာင္း စစ္ေကာင္စီထံ တင္ျပထားသည္ဟု သိရပါတယ္။

ျပည္တြင္း၌ ေအာက္တိန္းဓာတ္ဆီမ်ားကိုအကန႔္ အ သတ္မရွိေရာင္းခ်ၿပီး မၾကာမီမွာပင္ စက္သုံးဆီလက္ ကား ကုမၸဏီႀကီးမ်ားမွာ ဆီမလုံမေလာက္ျဖစ္လာသျဖင့္ ကုမၸဏီအခ်င္းခ်င္း ေခ်းငွားျခင္း၊ ဝယ္ယူျခင္းမ်ားျဖင့္ ေဝမွ်ေရာင္းခ်ေပးသည့္တိုင္ စက္သုံးဆီျပတ္လတ္မႈမွာ ပိုမိုဆိုး႐ြားလာသျဖင့္ ဆိုင္ခြဲမ်ား၌ အေရာင္းပိတ္ရသည္အထိအေျခအေနဆိုးလာျခင္းျဖစ္ ေၾကာင္း စက္သုံးဆီလုပ္ငန္း အ သိုင္းအဝိုင္းထံမွ သိရပါတယ္။

စစ္ေကာင္စီလက္ေအာက္ရွိ နိုင္ငံေတာ္ဗဟိုဘဏ္က ပို႔ကုန္သြင္းကုန္လုပ္ငန္းက ရရွိလာသည့္ နိုင္ငံျခားေငြမွန္သမွ်ကို ၂၄ နာရီအတြင္း အေမရိကန္ေဒၚလာ ၁ ေဒၚ လာလွ်င္ ၁၈၅၀ က်ပ္ႏႈန္းျဖင့္ဗဟိုဘဏ္သို႔ ျပန္ေရာင္းရန္ႏွင့္ ကန္ေဒၚလာအသုံးျပဳလိုသူ လုပ္ငန္းရွင္မ်ားအေနျဖင့္ နိုင္ငံျခားေငြ ဝယ္ယူခြင့္ေလွ်ာက္ထားရမည္ျဖစ္ကာ ခြင့္ျပဳခ်က္ျဖင့္သာ နိုင္ငံျခားေငြ သုံးစြဲခြင့္ျပဳမည္ဟု ဧၿပီလ ၄ ရက္ေန႕က ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္တြင္ ဗဟိုဘဏ္က ျပည္တြင္းမွာ သုံးစြဲမႈမွန္သမွ်ကို က်ပ္ေငြျဖင့္သာ သုံးစြဲရမည္ဟု အမိန႔္ထုတ္ထားၿပီး လက္ထဲရွိသမွ် ေဒၚလာေတြကို ထိန္း သိမ္းထားတာေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႕ အခက္ေတြ႕ေနပါတယ္။ ျမန္မာ့စက္သုံးဆီ အက်ပ္ အတည္းဟာ ေရရွည္ျဖစ္လာနိုင္ၿပီး သီရိလကၤာနိုင္ငံလို စက္သုံးဆီေတြ လုံးဝျပတ္ေတာက္သြားတဲ့ အေျခအေန ျဖစ္လာမလားဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.