မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ

မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ

၊ မေ ၂၉

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ပြည့်လျှံအောင်ဟာ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဂိုးသမား ပြည့်လျှံအောင် ဟာ မနေ့က ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနဲ့သွားရောက်ကစားတဲ့ ပွဲစဉ်မှာ ပွဲမစခင် နိုင်ငံတော်သီချင်းထုတ်လွှင့်နေချိန်မှာဘဲ We Want Democrazy စာတန်းရေးသားထားတဲ့ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ပြည့်လျှံအောင်ရဲ့လုပ်ရက်ကြောင့် စစ်ကောင်စီက မြန်မာ အသင်းကို ဖိအားပေးပြီး ထုတ်ခိုင်းတာလား (FIFA) ဖီဖာက တိုက်ရိုက် အရေးယူတာလားဆိုတာတော့ BP က ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။

အဲဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နိုင်ငံတော် သီချင်းကိုလည်း သီဆိုခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

သတင်း-Burmese Press

Leave a Reply

Your email address will not be published. Required fields are marked *