ယနေ့တွင် သရုပ်ဆောင်ရဲတိုက်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဆယ်နှစ် ခရိုင်တရားရုံးမှ ချမှတ်

သရုပ်ဆောင်ရဲတိုက်ကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြော င်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက

ယနေ့ မေလ ၂၇ ရက်တွင် အပြီးသတ်အမိန့် အလုပ် ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ကြောင်းနှင့် ယင်းအပေါ် အယူခံ ဆက်တက်မည်ဖြစ်ကြောင်း ၎င်း ၏ရှေ့နေက ပြောသည်။

သရုပ်ဆောင် ရဲတိုက်သည် စိတ်ရောကိုယ်ပါ ကျန်း မာရေးအခြေအနေကောင်းမွန်နေကြောင်း၊မိသားစုနှင့်တိုင် ပင်၍ အယူခံတက်ရန်ရှိနေကြောင်း ရှေ့နေကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်က နစက ပေးခဲ့သော ၅၀၅ (က) လွတ်ငြိမ်းတွင် သရုပ်ဆောင် ရဲတိုက်ပါဝင်ခဲ့သော် လည်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် ပြစ်မှုထင်ရှားသဖြင့် အမြင့်ဆုံးထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ယေန႕တြင္ သ႐ုပ္ေဆာင္ရဲတိုက္အား အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ဆယ္ႏွစ္ ခရိုင္တရား႐ုံးမွ ခ်မွတ္

သ႐ုပ္ေဆာင္ရဲတိုက္ကိုမူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာ င္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၃ျဖင့္ အေနာက္ပိုင္းခရိုင္တရား႐ုံးက

ယေန႕ ေမလ ၂၇ ရက္တြင္ အၿပီးသတ္အမိန႔္ အလုပ္ ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ႏွစ္ခ်မွတ္လိုက္ေၾကာင္းႏွင့္ ယင္းအေပၚ အယူခံ ဆက္တက္မည္ျဖစ္ေၾကာင္း ၎ ၏ေရွ႕ေနက ေျပာသည္။

သ႐ုပ္ေဆာင္ ရဲတိုက္သည္ စိတ္ေရာကိုယ္ပါ က်န္း မာေရးအေျခအေနေကာင္းမြန္ေနေၾကာင္း၊မိသားစုႏွင့္တိုင္ ပင္၍ အယူခံတက္ရန္ရွိေနေၾကာင္း ေရွ႕ေနကဆိုသည္။

ၿပီးခဲ့သည့္ မတ္လ ၂ ရက္က နစက ေပးခဲ့ေသာ ၅၀၅ (က) လြတ္ၿငိမ္းတြင္ သ႐ုပ္ေဆာင္ ရဲတိုက္ပါဝင္ခဲ့ေသာ္ လည္း

မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၃ျဖင့္ ျပစ္မႈထင္ရွားသျဖင့္ အျမင့္ဆုံးေထာင္ဒဏ္ကို ခ်မွတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

Leave a Reply

Your email address will not be published.