သူ့ရဲ့ သီချင်းတွေကို ယူဆိုနေတဲ့ သူတွေနဲ့ ပက်သက်ပြီး အခုလို အတိအလင်း ထုတ်ပြောလာတဲ့ ဆောင်းဦးလှိုင်

ဆောင်းဦးလှိုင် ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် လျှောက်လှမ်းလာခဲ့တဲ့ နာမည်ကျော် Pop အဆိုတော် တစ်‌ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ဟာ လတ်တလော မှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ် ဆောင်နေဆဲ ဖြစ်ပါတယ်။

သူဟာ ဆေးပညာဘွဲ့ရတစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင် းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆို ခဲ့တဲ့ တကိုယ်တော်တေး Album ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင်သံ စဉ်နဲ့ ကိုယ်ဟန်နဲ့ အသံအေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာ ဆောင်းဦးလှိုင်က နိုင်ငံခြားမှာ ရောက်နေပေမယ့် နွေဦးတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွ ပါ ဝင်နေ တာလည်း ဖြစ်ပါတယ်။ဒီတစ်ခါမှာဆိုရင်တော့ ဆောင်ဦးလှိုင်ကာ Cover song သီဆိုတဲ့သူတွေ များ ပြားလာ တာကြောင့်သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထ ားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးဆိုပြီး ပြောလာတာဖြစ်ပါတယ်။

ဆောင်ဦးလှိုင်က“ မျှော်လင့်ချက်တစ်စုံတစ်ရာ “ဂျပန်အမျိုးသမီးအဆိုတော်ဟာ ရန်ကုန်မှာပွဲလုပ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ဆီက ခွင့်တောင်းပြီးမ ဆိုတာပါ။ ဂျပန်လို ဘာသာပြန်ပြီး အနည်းငယ်ဆိုခွင့်ပြုဖို့ပါ ခွင့်တောင်းခဲ့ပါတယ်။ခွင့်ပြုခဲ့ပါတယ်။ ကြွားဝါတာတွေ ဘယ်တော့မှ ရေးတင်လေ့မရှိလို့ လူအများမသိကြပါ။ကျွန်တော့်ကိုယ်ပိုင်သံစဉ် Original Songs တွေကိုလူ အများစုက တန်ဖိုးထားကြပါတယ်။

အလွန်တရာယုတ်ညံ့သူတချို့သာ အပုတ်ချသူချ၊အ သုံးချ ကိုယ်ကျိုးရှာသူရှာ လုပ်ခဲ့ကြတာပါ။Google နဲ့ YouTube ဟာ သီချင်းတွေကိုယ်ပိုင်သံစဉ်ဟုတ်မဟုတ် နည်းပညာနဲ့စစ်ဆေးပြီးမိနစ်ပိုင်းအတွင်း အဖြေထုတ် ပေးနိုင်တဲ့ခေတ်ကြီးပါ။ကျွန်တော့် Own Tune တွေ အဟောင်းရောအသစ်ပါတစ်ပုဒ်မှ Copyrights နဲ့မငြိပါ။ ဆိုလိုတာကOriginal songs ( မြန်မာအခေါ် Own Tune ) လို့သတ်မှတ်ခံခဲ့ရပါတယ်။

မျှော်လင့်ချက်တစ်စုံတစ်ရာကို မြန်မာအဆိုမြန်မာစာ သားနဲ့မကြားရတာကြာခဲ့ပြီမဟုတ်ပါလား ?? ( အထူး သဖြင့် Live shows & cover songs )အဖြေကရှင်းပါတယ်။ ကျွန်တော်ခွင့်မပြုတော့လို့ပါ။အများအကျိုးအတွက် ခွင့်ပြုချက်တောင်းလာတဲ့အခါမှသာ စဉ်းစားပါမယ်။ ကျွန်တော့်သီချင်းအားလုံးကျွန်တော့်ရင်သွေးများ ဖြစ်ပါကြောင်း။ အလွန်တန်ဖိုးထားပါကြောင်း။ဆောင်းဦးလှိုင် May 25th 2022 ” ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သူ႕ရဲ႕ သီခ်င္းေတြကို ယူဆိုေနတဲ့ သူေတြနဲ႕ ပက္သက္ၿပီး အခုလို အတိအလင္း ထုတ္ေျပာလာတဲ့ ေဆာင္းဦးလွိုင္

ေဆာင္းဦးလွိုင္ ကေတာ့ ျမန္မာနိုင္ငံရဲ႕ ဂီတေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ေလွ်ာက္လွမ္းလာခဲ့တဲ့ နာမည္ေက်ာ္ Pop အဆိုေတာ္ တစ္‌ေယာက္လည္း ျဖစ္ပါတယ္။ ေဆာင္းဦးလွိုင္ဟာ လတ္တေလာ မွာေတာ့ ျပည္ပမွာ ေနထိုင္ေနၿပီး ကိုယ္ပိုင္သံစဥ္ သီခ်င္းေတြနဲ႕အတူ ဂီတလႈပ္ရွားမႈေတြ ဆက္လက္ၿပီးေတာ့ လုပ္ ေဆာင္ေနဆဲ ျဖစ္ပါတယ္။

သူဟာ ေဆးပညာဘြဲ႕ရတစ္ဦးလည္း ျဖစ္ၿပီး ေနာက္ပိုင္ းမွာေတာ့ ကိုယ္တိုင္ေရးသားၿပီး ကိုယ္တိုင္သီဆို ခဲ့တဲ့ တကိုယ္ေတာ္ေတး Album ေပါင္း ၁၀ ခ်ပ္ထက္မနည္း ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ သီခ်င္းေတြကို ကိုယ္ပိုင္သံ စဥ္နဲ႕ ကိုယ္ဟန္နဲ႕ အသံေအးေအးေလးနဲ႕ ပရိသတ္ ရင္ထဲေရာက္ေအာင္ သီဆိုနိုင္သူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။

လက္ရွိမွာ ေဆာင္းဦးလွိုင္က နိုင္ငံျခားမွာ ေရာက္ေနေပမယ့္ ေႏြဦးေတာ္လွန္ေရးႀကီးမွာ တတ္တတ္ႂကြႂကြ ပါ ဝင္ေန တာလည္း ျဖစ္ပါတယ္။ဒီတစ္ခါမွာဆိုရင္ေတာ့ ေဆာင္ဦးလွိုင္ကာ Cover song သီဆိုတဲ့သူေတြ မ်ား ျပားလာ တာေၾကာင့္သူ႕ရဲ႕ ကိုယ္ပိုင္သံစဥ္နဲ႕ ဖန္တီးထ ားတဲ့ သီခ်င္းေတြကို ကိုယ္က်ိဳးရွာသူေတြအတြက္ အသုံးျပဳခြင့္မေပးဘူးဆိုၿပီး ေျပာလာတာျဖစ္ပါတယ္။

ေဆာင္ဦးလွိုင္က“ ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာ “ဂ်ပန္အမ်ိဳးသမီးအဆိုေတာ္ဟာ ရန္ကုန္မွာပြဲလုပ္ခဲ့ဖူးပါတယ္။ ကြၽန္ေတာ့္ဆီက ခြင့္ေတာင္းၿပီးမ ဆိုတာပါ။ ဂ်ပန္လို ဘာသာျပန္ၿပီး အနည္းငယ္ဆိုခြင့္ျပဳဖို႔ပါ ခြင့္ေတာင္းခဲ့ပါတယ္။ခြင့္ျပဳခဲ့ပါတယ္။ ႂကြားဝါတာေတြ ဘယ္ေတာ့မွ ေရးတင္ေလ့မရွိလို႔ လူအမ်ားမသိၾကပါ။ကြၽန္ေတာ့္ကိုယ္ပိုင္သံစဥ္ Original Songs ေတြကိုလူ အမ်ားစုက တန္ဖိုးထားၾကပါတယ္။

အလြန္တရာယုတ္ညံ့သူတခ်ိဳ႕သာ အပုတ္ခ်သဴခ်၊အ သုံးခ် ကိုယ္က်ိဳးရွာသူရွာ လုပ္ခဲ့ၾကတာပါ။Google နဲ႕ YouTube ဟာ သီခ်င္းေတြကိုယ္ပိုင္သံစဥ္ဟုတ္မဟုတ္ နည္းပညာနဲ႕စစ္ေဆးၿပီးမိနစ္ပိုင္းအတြင္း အေျဖထုတ္ ေပးနိုင္တဲ့ေခတ္ႀကီးပါ။ကြၽန္ေတာ့္ Own Tune ေတြ အေဟာင္းေရာအသစ္ပါတစ္ပုဒ္မွ Copyrights နဲ႕မၿငိပါ။ ဆိုလိုတာကOriginal songs ( ျမန္မာအေခၚ Own Tune ) လို႔သတ္မွတ္ခံခဲ့ရပါတယ္။

ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာကို ျမန္မာအဆိုျမန္မာစာ သားနဲ႕မၾကားရတာၾကာခဲ့ၿပီမဟုတ္ပါလား ?? ( အထူး သျဖင့္ Live shows & cover songs )အေျဖကရွင္းပါတယ္။ ကြၽန္ေတာ္ခြင့္မျပဳေတာ့လို႔ပါ။အမ်ားအက်ိဳးအတြက္ ခြင့္ျပဳခ်က္ေတာင္းလာတဲ့အခါမွသာ စဥ္းစားပါမယ္။ ကြၽန္ေတာ့္သီခ်င္းအားလုံးကြၽန္ေတာ့္ရင္ေသြးမ်ား ျဖစ္ပါေၾကာင္း။ အလြန္တန္ဖိုးထားပါေၾကာင္း။ေဆာင္းဦးလွိုင္ May 25th 2022 ” ဆိုၿပီးေရးသားလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.