ဘန်ကောက် ကို ခရီးထွက်နေတဲ့ ချယ်ရီသင်း မကောင်းတဲ့ လူတစ်စုရဲ့ ချောက်တွန်းခြင်း ခံရ

ပရိသတ်ကြီးရေအဆိုတော်ချယ်ရီသင်းကတော့ သီ ချင်းကောင်းလေးတွေနဲ့ လူငယ်ပရိသတ်တွေကြားမှာရေ ပန်းစားနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အဆို တော်ချယ်ရီသင်းက NUG အစိုးရထံ စစ်ဘေးရှောင်တွေအတွက်ငွေလှူတယ်ဆိုပြီးသတင်းပြန့်နေတာလည်းဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သတ်ပြီးအဆိုတော်ချယ်ရီသင်းက ချောက် ချခံရတာပါလို့ ရှင်းပြလာတာလည်းဖြစ်ပါတယ်။ချယ် ရီသင်းကအခုလက်ရှိပြန့်နှံ့နေတဲ့သတင်းတွေနဲ့ပက်သက်ပြီး ချယ်တကယ် ဘာမှကိုမသိရပါဘူးတိုက်ဆိုင်လွန်းတာကလည်းမနေ့က ချယ် ဘန်ကောက်ကို သူ ငယ်ချင်းကအဖော်ခေါ်တဲ့အတွက်မနေ့ကဘဲရောက်တယ်။

ရောက်ရောက်ချင်းလေဆိပ်ကထွက်ထွက်ချင်း အခုသ တင်းတွေကို တွေ့လိုက်ရတယ်။တော်တော်ကို တုန်လှုပ်သွားမိပါတယ်။ဘယ်သူတွေကျမား တိုက်ခိုက်ချင်လို့အခုလိုရည်ရွယ်ချက်ရှိရှိ လုပ်တာလဲစဉ်းစားလို့ကိုမရဘူး။ဒီဘန်ကောက်ခရီးစဉ်ကလဲ လွန်ခဲ့တဲ့တစ်လလောက်ထဲကစီစဉ်ထားတဲ့ tripပါ၊အတိအကျပြောရရင် လေယာဉ်လက်မှတ်တောင်May 11ရက်ထဲက အသွားအပြန် ဖြတ်ထားခဲ့တာပါ။အခုတော့ တိုက်ခိုက်တဲ့သူကတော့ ဝမ်းသာနေမှာပါ။

အိမ်ကမိသားစုကလဲ တော်တော့်ကို စိတ်ထိခိုက်နေကြပါတယ်။ချယ့် အနေအထားနဲ့ အခုလိုအချိန်မှာ ဘယ် လိုလုပ်လှူနိုင်မှာလဲ။ ဘာအလုပ်တွေလုပ်နေရလို့လဲ။တကယ်လုပ်မှတော့ အဲ့လိုစာရွက်စာတမ်းနဲ့ ဂုဏ်ဆာပီးလှူပါ့မလားတင်ပါ့မလား

ချယ်လဲမြန်မာနိုင်ငံထဲမှာနေနေတာပဲချယ့်ကိုဒုက္ခ ရော က်စေချင်လို့ စာရွက်စာတမ်းတွေတမင်ဖန်တီးပီးချယ် ခရီးထွက်တဲ့အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် တမင်ကိုတင်လိုက်တာအခုတော့အားလုံးစိတ်ဒုက္ခတွေရောက်နေရတယ်။

အခုခရီလေယာဉ်လက်မှတ်တွေကလည်း visit visa နဲ့သွားတဲ့အတွက် အသွားအပြန်ဖြတ်ထားခဲ့တာပါ ဒီလို စာအရှည်ကြီးတွေလည်း အရေးချင်ပါဘူး မူရင်း Source ကိုသာ သေချာရှာပြီးလေ့လာစေချင်ပါတယ်ဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.