မလွန်ဆန်နိုင်တဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့တောင်းဆိုလိုက်တဲ့ ရန်ရန်ချန်း

မလွန်ဆန်နိုင်တဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့တောင်းဆိုလိုက်တဲ့ ရန်ရန်ချန်း

မနေ့ညက ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်  မြန်မာအသင်းမှ ဂျပန်အသင်းကို ဆယ်ဂိုး  ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုအခြေအနေတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဘောလုံးအသင်းကို ပရိသတ်များမှ ဝေဖန်အပြစ်တင်နေကြတာလည်း ဖြစ်ပါတယ်။ သို့သော်လည်း မနေ့ကပွဲအတွင်း မြင်တွေ့လိုက်ရတဲ့ ကစားသမားတွေရဲ့ မျက်နှာအမူအရာတွေကြောင့် အားလုံးက စိတ်မကောင်း ဖြစ်နေကြရပြန်ပါတယ်။

သူတို့အားလုံး  နိုင်ငံတော်သီချင်းကိုတောင် လုံးဝမဆိုကြဘဲ  သက်ပြင်းတွေ အကြိမ်ကြိမ်ချနေကြတာကိုအားလုံးလည်း မြင်တွေ့ခဲ့ကြရမှာပါ။  သူတို့အားလုံး ဘယ်လိုမှ မတတ်သာတဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ပရိသတ်တစ်ချို့မှ ကောက်ချက်ချနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညက အဆိုတော် ရန်ရန်ချန်းရဲ့ လူမှုကွန်ယက်တွင်လည်း မတတ်သာတဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

” မြန်မာဘောလုံးအသင်းကိုအရမ်းမပြောကြပါနဲ့ကွာ သူတို့မှာလည်း မလွန်ဆန်နိုင်တာတွေရှိနေလောက်မယ်ထင်ပါတယ် သူတို့ အခုချိန်ဘယ်လောက်တောင်စိတ်ဖိစီးနေကြမလည်း….. သူတို့လည်းပြည်သူတွေပါပဲအချင်းချင်းအားပေးကြရအောင်လေနော်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  မနေ့က ပြိုင်ပွဲတွင် မြန်မာအသင်းမှ အရန်ကစားသမားတစ်ဦးက နိုင်ငံတော် သီချင်းဆိုချိန်တွင် လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။  ထိုကစားသမားရဲ့ ရဲရင့်သတ္တိရှိမှုတွေကို ပြည်သူတွေက လေးစားဂုဏ်ယူနေကြပြီး သူ့ရဲ့ဘေးကင်းလုံခြုံမှုအတွက်တော့  စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *