Live sale လေးတွေမှာလည်းအောင်မြင်မှုတွေများစွာနဲ့ကိုယ်ပိုင်အလုပ်တွေကိုအောင်မြင်နေတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။
သူမကတော့ပရိသတ်တွေချစ်နေရတဲ့နိုင်ငံကျော်တစ်ယောက်လည်းဖြစ်ပါတယ်။သားဂန်းရဲ့ကိုယ်ဝန်လေးကိုလည်းလွယ်ထားရပြီးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်ထားတာပါ။
မကြာမီမှာလည်းသူတို့မိသားစုလေးထဲကိုသမီးလေးရောက်ရှိလာတော့မှာဖြစ်ပါတယ်။သားဂန်းကလည်းချစ်ဇနီးလေးကို အမြဲစိတ်ချမ်းသာအောင်ထားနေတာပါ။
ဒါကြောင့်ခုမှာလည်းသူ့ခင်ပွန်းကိုဘယ်လောက်ချစ်ကြောင်းစာလေးဖွဲ့ပြီးပြောပြလိုက်တာပါ။ကိုယ့်ထက်အသက်ငယ်ပေမယ့် ရင့်ကျက်တည်ကြည်ပြီးရိုးသားဖြောင့်မတ်သောယောကျာ်း၊ငွေကြေးပုံမပေးနိုင်ပေမယ့်
အကြင်နာ မေတ္တာ အချစ် သစ္စာတွေပုံအောပေးတဲ့ယောကျာ်း၊မိန်းမအလုပ်တွေကြိုးစားပီးလုပ်ကိုင်နေချိန်မှာလည်းနောက်ကွယ်ကနေ ပုံပိုးကူညီပြီးအားကိုးရတဲ့ယောကျာ်း၊ဘဝအတွက်လေ့လာသင်ယူစရာပညာ ရပ်တွေကိုလည်း
မိန်းမနဲ့အတူတူသင်ယူလေ့လာပေးတဲ့ယောကျာ်း၊ဆက်ရေးရင်စာအုပ်တစ်အုပ်စာလောက်ရှိလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှု့ဘာနဲ့မှမလဲနိုင်ချစ်တယ်ဖေဖေဂန်းဆိုပြီးအားကျအောင်ပြောပြလိုက်တာဖြစ်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ကို့ထက်အသက်ငယ်တဲ့ သူကို ယူထားလို့ ကောင်းကျိုးတွေ ပြောလာတဲ့ ဘေဘီမောင်