စုစုဝေကတော့ မြန်မာပြည်ကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂျာမန်လူမျိုးအဆိုတော် Mikis နဲ့ ဖူးစာဆုံခဲ့တာပဲဖြစ်ပါတယ်။
စုစုဝေနဲ့Mikis တို့ဟာ ချစ်သူတွေအဖြစ် အချိန်အတော်ကြာနေခဲ့ပြီးမှာ မကြာခင်အချိန်ကပဲ ဂျာမနီနိုင်ငံမှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။
Mikis နဲ့ စုစုဝေတို့က ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
သားလေးကြောင့်ပဲတစ်နေ့ထက်တစ်နေ့ ပျော်ရွှင်မှုတွေပိုင်ဆိုင်ထားတဲ့စုစုဝေက ဒီကနေ့မှာလည်း တစ်လသားအရွယ်လေးရဲ့သိတတ်မှုကိုပြောပြလာပါတယ်။
စုစုဝေက “အခုကတည်းက မေမေမှမေမေ မေမေလက်ကချမရသော သားလေး” ဆိုပြီး တစ်လသားအရွယ် သားလေးရဲ့ သိတတ်မှုကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
စုစုဝေကတော့ ချစ်စရာကောင်းတဲ့ သားလေးကြောင့်ပဲ သူမရဲ့ဘဝဟာ ပိုမိုစိုပြေလာခဲ့ပြီး ပျော်ရွှင်မှုတွေပိုင် ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စုစုဝေရဲ့ပုံရိပ်လေးကိုကြည့်ပြီး မိခင်မေတ္တာကို ခံစားမိကြမယ်ထင်ပါတယ်နော်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
မိခင်မေတ္တာအပြည့် ရှိလှ တဲ့ စုစုဝေရဲ့ စကားသံ