ပေါ်ပြူလာ ဖြစ်လာတဲ့ မူပိုင်ခွင့် ချိုးဖောက်ခြင်းနဲ့ အဲလက်စ်ရဲ့ music video မူပိုင်ခွင့် အဲလက်စ် admin team တောင်းဆို

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ အဆိုတော် အဲလက်စ်ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူးနော်. အဲလက်စ်ကတော့ တစ်ကိုယ်တော်စီးရီးများ
အတွဲခွေများမှာပါရောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့ သီချင်းတွေကတော့ လူငယ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့ပါတယ်

အဆိုတော် အဲလက်စ် က အဆိုမှာသာအောင်မြင်ရုံမကဘဲ တေးရေးမှာလည်း အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ကိုအဲလက်စ် မှာ အမွှာသားတစ်ယောက် နှင့် သမီး တစ်ယောက် ကိုပိုင်ဆိုင်ထားပြီး လက်ရှိမှာ မိသားစုနှင့် အေးချမ်းစွာဖြတ်သန်းနေတာပါ။

ကိုအဲလက်စ် ရဲ့ တေးသီချင်းတွေကို ချစ်မြတ်နိုးလို့ ပြန်ဆိုသူတွေရှိသလို ကြော်ငြာဆန်ဆန်အမြတ်ထုတ်သူများလည်းပေါများလာပါတယ်။ဒါကြောင့် ကိုအဲလက်စ် ရဲ့ Admin Team က သူ့ရဲ့ တေးသီချင်းကို ကြော် ငြာဆန်ဆန်အမြတ်ထုတ်လိုသူတွေအတွက်

ကိုအဲလက်စ်ရဲ့သီချင်းများအားFacebook,Instagram, Tiktok နှင့် Youtube များပေါ်တွင် Commercial ဆန်ဆန် Cover သီချင်းများ အဖြစ် ပြန်လည်သီဆိုခြင်းများကို ခွင့်ပြုလာမှာမဟုတ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဒါတင်သာမကသီချင်းများအားခွင့်ပြုချက်မရှိပဲLyrics Video ပြုလုပ်ခြင်း၊ Video Clips များတွင် ထည့်သွင်း အသုံးပြုခြင်း၊ ယခင်ကရိုက်ကူး ထုတ်လွှင့်ပြီးသော Music Video များအား ပြန်လည်ကူးယူတင်ပြခြင်းများကို

ကိုအဲလက်စ်ရဲ့ ခွင့်ပြုချက်မရှိပဲ အသုံးမပြုကြပါရန် ပန်ကြားအပ်ပါေကြာင်း ၊ကိုအဲလက်စ် ကို ချစ်ခင်အားပေးလို့ ဝါသနာအရ ကိုယ်တိုင်တီးခတ်သီဆိုကြတဲ့ သီချင်းချစ်သူပရိသတ်များအတွက် တော့ ဘာမှမပြောလိုကြောင်းထည့်သွင်းေြပာကြားသွားပါသေးတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







ကိုအဲလက်စ်ရဲ့ ခွင့်ပြုချက်မရှိပဲ အသုံးမပြုကြပါရန် ပန်ကြားအပ်ပါကြောင်း ၊ကိုအဲလက်စ် ကို ချစ်ခင်အားပေးလို့ ဝါသနာအရ ကိုယ်တိုင်တီးခတ်သီဆိုကြတဲ့ သီချင်းချစ်သူပရိသတ်များအတွက် တော့ ဘာမှမပြောလိုကြောင်းထည့်သွင်းပြောကြားသွားပါသေးတယ်။

Leave a Reply

Your email address will not be published.