လက်သုံးချောင်းထောင်ပြီး မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားပေးခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသား/သူများ

လက်သုံးချောင်းထောင်ပြီး မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားပေးခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသား/သူများ

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုစတင်ဖြစ်ပွားထဲက တောင်ကိုရီးယားနိုင်ငံဟာ မြန်မာပြည်သူ/သားတွေဘက်ကနေရပ်တည်ပေးခဲ့တာတွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံက ပြည်သူတွေဟာ မြန်မာပြည်အတွက် သီချင်းတွေလည်းဖန်တီးပြီးအားပေးခဲ့ကြသလိုအလှူအတန်းတွေလည်း များစွာပြုလုပ်ပေးခဲ့ကြပါတယ်။

ပရိသတ်တွေ အခုမြင်တွေ့နေရတဲ့ ပုံလေးတွေဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံက ကျောင်းသား/သူ လေးတွေက မြန်မာနိုင်ငံကို အားပေးဖို့လက်သုံးချောင်းထောင်ပြီးရိုက်ထားတဲ့ပုံလေးပဲ ဖြစ်ပါတယ်။

သူတို့လေးတွေဟာ တောင်ကိုရီးယား ဂယောင်ဂီဒို ဟွားဆောင်မြို့မှာ ရှိတဲ့ Dongtan International High School ကျောင်းသား/သူလေးတွေ ဖြစ်ကြပြီး အပြစ်ကင်းစင်တဲ့ပုံလေးတွေနဲ့ အရမ်းလဲချစ်စရာကောင်းကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် အမြဲအားပေးထောက်ခံနေကြတဲ့ တောင်ကိုရီးယားက ကျောင်းသား/သူလေးတွေရဲ့ စိတ်ထားလေးကတော့ တကယ့်ကို လေးစားစရာပါပဲ။

သူတို့လေးတွေရဲ့ လက်သုံးချောင်းထောင်ရင်း မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်ကြောင်း ဖော်ပြထားတဲ့ပုံလေးတွေကို ပရိသတ်တွေမြင်တွေ့ဂရုဏာပွားနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *