သူ့မအဖေ စိုင်းထီးဆိုင် ကိုတိုင်ရေး သီချင်းများကို cover song ဆိုခွင့်မပြုဟု ရေးသားလာတဲ့ ဆိုင်စံ

ပရိသတ်ကြီးရေဝါရင့်တေးသံရှင်ကြီးဖြစ်တဲ့ဆိုင်းတီးဆိုင်ကတော့ သူ့ခေတ်သူအခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင် ဒီနေ့အချိန်ထိ ဆိုင်းတီးဆိုင်ရဲ့သီချင်းတွေကို ပရိသတ်တွေကရိုးမသွားဘဲနားထိုင်နေကြဆဲဖြစ်ပါတယ်။

လတ်တလောမှာ တေးသံရှင်ဆိုင်းတီးဆိုင်ရဲ့သီချင်းတွေကို cover ပြန်ဆိုနေကြပြီးအဆိုတော်နီနီခင်ဇော်ကလည်း cover ပြန်ဆိုခဲ့လို့ ပရိသတ်တွေကမူရင်းသီချင်းတွေကိုဖျက်တယ်ဆိုပြီးဝေဖန်နေကြတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းထီးဆိုင်သမီးဖြစ်တဲ့ဆိုင်စံဟာသူ့ဖခင် ရဲ့သီချင်းတွေကို cover song အဖြစ်သီဆိုခွင့်မပြုတော့ဘူး လို့ အသိပေးကြေငြာလာတာလည်းဖြစ်ပါတယ်။သူမရဲ့ကိုယ်ပိုင် ဖေ့ဘွတ်ခ် စာမျက်နှာမှာကျမရဲ့အဖေတေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း၊

(ပရိတ်သတ်များမှအပျော်သဘောဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲအသုံးပြုသီဆိုခွင့်တင်ခွင့်မရှိပါဘူး

တင်ထားပြီးသားရှိနေခဲ့ရင်လဲပြန်လည်ဖြုတ်ချပေးပါရှင်။ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ် ။တေးသံရှင်စိုင်းထီးဆိုင်မိ သားစု၊မှတ်ချက်အဖေရေးထားသောသီချင်းများကိုသာသီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်။

ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ လို့ ရေးသားအသိပေးခဲ့ပါတယ်ဆိုပြီးပြောပြထားတာဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.