နွေဦးတော်လှန်ရေးကာလအတွင်း အစအန လုံးဝ ပျောက်ဆုံးနေသူ ၁၉ ဦး

နွေဦးတော်လှန်ရေးကာလအတွင်း အစအန လုံးဝ ပျောက်ဆုံးနေသူ ၁၉ ဦး

မေ၂၉ရက်

နွေဦးတော်လှန်ရေးကာလအတွင်း အစအန လုံးဝ ပျောက်ဆုံးနေသူ ၁၉ ဦးရှိကြောင်းသိရသည်။

မေလနောက်ဆုံးပတ်AAPP၏ထုတ်ပြန်ချက်အရသိရသည်။

အပြည့်အစုံမှာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့၊ နိုင်ငံ့ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံ တော်အာဏာကိုသိမ်းယူပြီးချိန်မှ စစ်အုပ်စုသည် ပြည်သူလူထုအပေါ်  ကြီးလေးသော ရာဇဝတ်မှုများ ကို အစဉ်တစိုက် ကျူးလွန်လျက်ရှိသည်။

ထိုအထဲတွင် တရားမဲ့ ဖမ်းဆီးခံခြင်း၊ ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ  များပြားလှသော အရေအတွက် ရှိသည့်  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ် သူ ပြည်သူများသည် နေအိမ်သို့ ပြန်မရောက်နိုင်ကြ သလို စုံစမ်းရှာဖွေ၍ မရဘဲ ပျောက်ဆုံးလျက်ရှိပါ သည်။ ထိုသို့ အစအနပျောက်ဆုံးသူများထဲတွင် အချို့မှာ အသက်သေဆုံးသွားခဲ့သူများ ရှိနိုင်သလို အချို့မှာ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်း များတွင်လည်း ရှိနေနိုင်ပါသည်။ ထိုသို့ပျောက်ဆုံး နေမှုများရှိနေရခြင်းမှာ အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူများအား ဖမ်းဆီးပြီးနောက် မည်သည့်နေရာ တွင် ထိမ်းသိမ်းထားသည်ကို မဖော်ပြခြင်း၊ ရှေ့နေနှင့် တွေ့ဆုံခွင့်မပြုခြင်း၊ သက်ဆိုင်ရာ မိသား စုထံအကြောင်းကြားမှု မရှိခြင်းတို့သည် အဓိက အချက်ပင်ဖြစ်သည်။

အချို့ဖမ်းဆီးခံများမှာ ကာလကြာမြင့်စွာ အဆက် အသွယ်မရဘဲ သတင်းအစအနပျောက်ဆုံးနေကာအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတို့ သတင်းပေးမှုကြောင့် သော်လည်းကောင်း ဖမ်းဆီးခံရသူများ၏ တည်နေရာကို သိရှိကြရသည်။ အချို့မှာ ရှေ့နေများ၊ အကျဉ်းထောင်တွင်းသို့ အစား အသောက်သွင်းခွင့်ရသည့် မိသားစုများ၊ ဥပဒေပိုင်း ဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့များ၏ အသိ ပေးအကြောင်းမှုသာတည်နေရာကို သိရှိကြရသည်။ အာဏာသိမ်းစစ်အုပ်စုကမူ တစ်စုံတရာ ထုတ်ပြန် ကြေ ညာခြင်းမရှိပေ။

အစအန ပျောက်ဆုံးနေသူများထဲတွင် AAPP မှ လက်လှမ်းမီသလောက် စုဆောင်းရရှိသည့် အရေ အတွက်မှာ ၇၅ဦးရှိသည်။ထို ၇၅ ဦးတွင်လုံးဝ ပျောက်ဆုံးနေသူ ၁၉ ဦးရှိသည်။ ထိုသူများမှာ ယင်းမာပင်၊ ကနီ မြို့နယ်များတွင်အာဏာသိမ်းစစ်အုပ်စုမှ ရွာထဲသို့ အကြမ်းဖက် ဝင်ရောက် စီးနင်းပစ်ခတ်သဖြင့် ထွက်ပြေးရင်း ပျောက်ဆုံးသွားသူ၁၄ ဦး ပါဝင်သည်။ မမိုးဆန်း စုကြည် အပါအဝင် () ဦးမှာ ၎င်းတို့ တိမ်းရှောင် နေသည့် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုသူတို့သည် ဖမ်းဆီးခံရသည်ဟု သံသယရှိသော် လည်း မည်သည့်အချိန်၊ မည်သူမှ လာရောက်ဖမ်းဆီးကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တစ်ဦးမှာ တကိုယ်တော် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံ ခဲ့ရကာ  ရက်အချုပ်ချရပြီး ပြန်လွှတ်ပေး လိုက်သည်ဟု ဆိုသော်လည်း ယနေ့အထိ အိမ်ပြန် ရောက်ခြင်း မရှိခဲ့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *