NUG အစိုးရကိုထောက်ခံဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

NUG အစိုးရကိုထောက်ခံဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း
၊ မေ ၂၈

ဂျပန်နိုင်ငံ ၊ နိုင်ငံခြားသတင်းထောက်များကလပ်က သတင်းစာရှင်းလင်းပွဲတခုကို တိုကျိုမှာပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရာနာ ဘာဂါနာက နိုင်ငံတကာအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုထောက်ခံဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

NUG က နိုင်ငံတကာရဲ့ထောက်ခံမှုလိုအပ်နေပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ NUG နဲ့ စကားပြောဆိုဖို့ နဲ့ မြန်မာပြည်သူတွေကိုထောက်ခံဖို့ တိုက်တွန်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

NUG ဟာ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပြီး မြေအောက် သို့မဟုတ် ပြည်ပကနေ လည်ပတ်နေပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ စကစ နဲ့အပြိုင် ဝန်ကြီးတွေကိုခန့်အပ်ထားပါတယ်။

တဆက်တည်းမှာပဲ NUG ကို တရားဝင်အစိုးရအဖြစ်အသိ
အမှတ်ပြုတာ ပြဿနာရှိတယ်လို့ သူမကဝန်ခံခဲ့ပါတယ်။ စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးတွေကိုခန့်အပ်ဖို့ နိုင်ငံတော်သမ္မတရဲ့ ထောက်ခံချက်လို အပ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါ
တယ်။

ဒါကြောင့် ရှင်းရှင်းလင်းလင်းပြောရရင် ဒါက အခက်အခဲတခုပါပဲ။ NUG ကို တရားဝင်အစိုးရအဖြစ်လက်ခံဖို့က အဖွဲ့ဝင်
နိုင်ငံတွေအပေါ် မူတည်ပါတယ် လို့ သူမကပြောပါတယ်။

Ref:Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *