ပရိသတ်ကြီးရေ ပိုးမီကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပရိသတ်အချစ်တော် အ ဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်နေခဲ့စဉ်ကတည်းကပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့ပြီးလက်ရှိအချိန်မှာလည်း အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။
ပိုးမီကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။
သတင်းလေးကတော့ သူ့ရဲ့အဖွားဖြစ်သူ ဆုံးပါးကွယ် လွန်သွားတဲ့ သတင်းလေးပဲဖြစ်ပါတယ်။“အဖွား ဒေါ်ခင်ဝင်း အခုပဲ ဆုံးသွားပါပြီ။ အမျိုးတွေ အားလုံးကို အသိပေးပါတယ် ရှင့်။
အေးချမ်းသော ငြိမ်းချမ်းသောထွက်ခွါခြင်း မျိုးနဲ့မို့ ကောင်းရာဘုံဘဝကို စံစားရရှိမှာ သမီး သိပါတယ်။ဘုရားအမ ကျောင်းအမ အဖြစ် ကျေးဇူးဆပ်ခွင့်ရခဲ့လို့လည်းဒီမြေးမ က အဖွားရဲ့အိမ်ပြန်ခရီးကို ကျေကျေ နပ်နပ်ပဲ လက်ခံနိုင်ပါတယ်
အဖွားရယ် အနားယူပါတော့နော် ” ဆိုပြီး စိတ်မကောင်းစွာနဲ့ နာရေးသတင်းလေးကို မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ စိတ်မကောင်းကြေကွဲနေတဲ့ ပိုးမီအတွက် အားပေးနှစ်သိမမ့်စကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
စိတ်မကောင်းစရာသတင်းလေး ကိုပြောပြလာရင်း ငိုနေရှာတဲ့ ပိုးမီ