သူမရဲ့ ပန်းချီလက်ရာ အနုပညာလေးကိုချပြလိုက်တဲ့ ယုသန္တာတင်

ချစ်ပရိသတ်ကြီးရေအပြုံးချိုချိုလေး နဲ့ အေးချမ်းတဲ့ မျက်နှာလေး ကို ပိုင်ဆိုင်ထားပြီး မြင်လိုက်ရုံ နဲ့တင်အ ချစ်ပိုသွားရလောက်အောင်ကို ရိုးရိုးရှင်းရှင်းအလှနဲ့ ဖမ်းစားညို့ယူနိုင်တဲ့ မင်းသမီးလေးကတော့ ယုသန္တာတင်ပဲဖြစ်ပါတယ်နော်။

သူမဟာ အနုပညာလောကမှာနေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင် ရရှိထားပြီးတော့ပရိသတ်တွေလည်း အခိုင်မာရရှိထားတာဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ်သဘာဝကျကျပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ခဲ့ပါတယ်။ယုသန္တာတင်ဟာ ယနေ့အချိန်ထိ ပင်ကိုယ်အလှတရားတွေအပြည့်နဲ့ နုပျိုနေဆဲဖြစ်ပြီး ချောမောလှပနေတုန်းပါပဲနော်။

သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာကြောင့်မြန်မြန်ဆန်ဆန်အ ဝ တ်အစားလေးတွေဝတ်ရင် သူမခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်း သူဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် ဖော်ပြပေးလေ့ရှိပါတယ်။ယုကတော့ လက်ရှိမှာ သူဝါသနာပါတဲ့ အလုပ်လေးတွေကို လုပ်ကိုင်ပြီး ဘဝကိုအေးအေးချမ်းချမ်း သာဖြတ်သန်းနေခဲ့ပါတယ်။

လတ်တလောမှာ ပန်းချီဆွဲတဲ့ သင်တန်းလေးကို တက်ရောက်နေခဲ့ပြီး ကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီကားလေးတစ်ချပ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ယူစွာနဲ့ မျှဝေလာခဲ့ပါတယ် ။

“ကိုယ့်ရဲ့ TGIS လေး. စိတ်မရှည်တဲ့ကိုယ်လေး lotus leaf painting လုပ်တဲ့အတန်းလေး ပြီးအောင်တက်နိုင်ခဲ့ပြီ” ဆိုပြီးတော့သင်တန်းလေးကို အောင်မြင်ပြီးဆုံးအောင်တက်နိုင်ခဲ့တဲ့အတွက်လည်း ပီတိဖြစ်နေခဲ့ပါသေးတယ်။ယုသန္တာတင် ရဲ့ ပန်းချီကားလေးကို ကြည့်ပြီး ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်းမျှဝေပေးခဲ့ပါဦးနော်

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)









Leave a Reply

Your email address will not be published.