လွိုင်ကော်pdf ရဲ့ တောင်တန်းဂီတ အမည်ရcampaing အကြောင်း

အရေးတော်ပုံ အောင်တာနဲ့ ကရင်နီ (ကယား) တစ်ပြည်လုံးကိုအမှန်တကယ်လည်ပတ်သွားလာနိုင်တဲ့ ” တောင် တန်း ဂီတ “လို့ အမည်ရတဲ့ ခရီးသွားလက်မှတ် ရောင်း ချရေး campaign ကို ကျွန်တော်တို့ လွိုင်ကော် PDF က
မကြာခင် စ တင်မှာ ဖြစ်ပါတယ်။

ခရီးသွား လက်မှတ်မှာ စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို fully cover ပေးမှာဖြစ်တဲ့အပြင် adventure / luxury စတဲ့ service (၂) ခုလုံးလည်း ပါဝင်မှာ ဖြစ်တယ်။

လည်ပတ်စရာ တောင်တန်းတွေ လျှိုတွေ ချောင်းတွေ လှပတဲ့ ဒေသ တွေ ဆီ သွားနိုင်ဖို့အစီစဉ်တွေလည်း ပါဝင်သလို တော်လှန်ရေးကာလ မှာ ရဲဘော်တွေ နေခဲ့တဲ့

camp တွေ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဆီကိုပါ သွား ရောက် လေ့လာ နိုင်မယ့် အစီစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်။အသေးစိတ်ကို မကြာခင် ဆက်ပြီး ကြေညာသွားမှာပါ။

ကျွန်တော်တို့ ကရင်နီပြည်ဟာ အင်မတန် လှတဲ့ ဒေသ ပါ။ စစ်ပွဲတွေနဲ့ မထိုက်တန်ပါဘူး။ စစ်ပွဲတွေ အမြန်ပြီး ဆုံးဖို့ လက်မှတ်တွေ ဝယ်ယူရင်း ထောက်ပို့ရင်း နဲ့ အ နာဂတ်မှာ ခရီးသွားဖို့လည်း ပြင်ဆင်ရင်း လွိုင်ကော် PDF နဲ့ ကရင်နီပြည် ကို ထောက်ပို့ဖို့ အားလုံးကို တိုက် တွန်း အပ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.