သူကိုယ်တိုင်က တော်လှန်ရေးအတွက် အထောက်ပံ ဖြစ်စေရမည်လို့ဆိုလာတဲ့ ကိုပေါက်
ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေဘက်ကနေ မား မားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။
ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲ အချိန်တိုင်းနှိုးဆောင်နေသူတစ်ဦးလဲ ဖြစ်ပါတယ်။ ကိုပေါက် ကတော့ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေမှာ အ ဆင်ပြေအောင်နေထိုင်ရင်း ခက်ခက်ခဲခဲနဲ့ အာ ဏာရှင်ကို တွန်းလှန်နေတာဖြစ်ပါတယ်။
တောထဲမှာ နေထိုင်ရပေမယ့် အဆင်ပြေဆုံးအကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားနေထိုင်တဲ့ ဒါရိုက်တာကိုပေါက် ဟာ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကိုလဲ ကြိုးစားထမ်းဆောင်လျက်ရှိပါတယ်။
သူဟာ အနုပညာမှာတော်ရုံတင်မက ဟင်းချက်တဲ့နေ ရာမှာလဲ အရမ်းကိုကောင်းမွန်တာကြောင့် အတူနေရဲ ဘော်တွေရဲ့ ချီးကျူးတာကို ခံနေရပါတယ်။ ကိုပေါက် ဟာ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာတစ်ခုကို ပြုလုပ်နေတဲ့အကြောင်းကို “ကျနော် ရေးခြစ်မည့် ဆေးစက်တို့သည် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေရမည်။
ကျနော်အဆင်ပြေတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ကဲစာဖတ်ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် ထောက်ပံ့ပေးမယ့် ဒါရိုက်တာ ကိုပေါက် ရဲ့ ပန်းချီကားတွေ ကိုအားပေးလိုက်ကြပါအုန်းနော်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြနိုင်ပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.