စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအရေးသာမက တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီ အရေးကိုပါထိပါးလာနေတယ်လို့ NUGအစိုးရမှနိုင်ငံခြားရေးဝန်ကြီးဆို

စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအရေးသာမက တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီ အရေးကိုပါထိပါးလာနေတယ်လို့ NUGအစိုးရမှနိုင်ငံခြားရေးဝန်ကြီးဆို

မေ၂၈ရက်

စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအရေးသာမက တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီ အရေးကိုပါထိပါးလာနေတယ်လို့ NUGအစိုးရမှနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် မြန်မာအရေး ကူညီ ဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားခဲ့တာပါ။

စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအရေးသာမက တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီ အရေးကိုပါခြိမ်းခြောက်လာနေကြောင်း၊ စစ်အာဏာရှင်သာ တည်တံ့ခိုင်မြဲနေလျှင် ကမ္ဘာပေါ်မှာ နောက်ထပ်အာဏာရှင်တွေပေါ်ပေါက်လာတာကို ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲတွင် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ Mr. Nakagawa အမျိုးသားညီညွတ်ရေးအစိုးရ ဒုသမ္မတ ဒူဝါလရှီးလ နှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ၀န်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေငြာချက်တစ်စောင်ရေးထိုး ထုတ်ပြန်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *