အသက်၅၇ ပြည့်သွားပြီဖြစ်တဲ့ ဦးလေးဖြူရဲ့ မွေးနေ့လေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော် တစ်ဦးဖြစ်သလို အသံပါဝါကောင်းကောင်းနဲ့ Rock သီချင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုလေ့ရှိတဲ့ အဆိုတော်လေးဖြူကိုတော့ အားလုံးပဲ သိကြလိမ့်မယ်ထင်ပါတယ်နော်။

ပရိတ်သတ်အချစ်တော် အဆိုတော်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံရဲ့ နာမည်ကြီးစာရင်းဝင် Iron Cross အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုတော် လေးဖြူက သီချင်းကောင်းပေါင်းများစွာကို သီဆိုခဲ့ပြီး သီချင်းအားလုံးကလည်း ယနေ့ချိန်ထိ လူငယ် လူကြီးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲလည်း ဖြစ်ပါတယ်။

လူမြင်ကွင်းကို ထွက်လေ့မရှိတဲ့ အဆိုတော်လေးဖြူဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် သိုသိုသိပ်သိပ်သာ နေတက်လေ့ရှိသူတစ်ဦးလည်း ဖြစ်တာကြောင့် လေးဖြူရဲ့ပုံရိပ်တွေဟာ မြင်တွေ့ရဖို့ ခဲယဉ်းတာလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ အဆိုတော်လေးဖြူဟာ အသက် ၅၇ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး လေးဖြူရဲ့မွေးနေ့လေးမှာ လုပ်ဖော်ကိုင်ဖတ် Iron Cross အဖွဲ့ဝင်တစ်ဦးဖြစ်သူ ချစ်စမ်းမောင်က လေးဖြူရဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလာခဲ့တာလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေချစ်တဲ့ လေးဖြူတစ်ယောက် မွေးနေ့မှစပြီး နောင်နှစ်များစွာထိ ပရိတ်သတ်တွေကို သီချင်းပေါင်းများစွာနဲ့ သီဆိုဖျော်ဖြေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.