ဝတ်မှုံရွှေရည်ကတော့အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်မင်း သမီးတစ်လက်ပါ။ သူမရဲ့ဇာတ်ကားတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပိုလက်ရာမြောက်ကာ ထိပ်တန်းစာ ရင်းဝင်မင်းသမီးတစ်လက်လို့တောင်ဆိုရမှာပါ။
အမြဲရှင်းသန့်ကျော့ရှင်းကာ အရုပ်လေးတစ်ရုပ်လိုအမြဲလှပနေတဲ့ ဝတ်မှုံရွှေရည်ကို ချစ်ပရိသတ်တွေက ချစ် စနိုးနဲ့ရွှေကစ်လို့လည်းခေါ်ကြပါသေးတယ်။ ဒီနေ့မှာတော့”New Hair Who’s this?”ဆိုတဲ့စာလေးနဲ့အတူ ဆံ ပင်စတိုင်အသစ်ကိုပြောင်းလဲခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။
အမြဲနုပျိုလှပကာ ဆယ်ကျော်သက်လေးတစ်ယောက်အလားထင်မှတ်ရတဲ့ရွှေကစ်ကတော့ အခုဆံပင်စတိုင်အသစ်နဲ့လည်း ထူးထူးခြားခြားလေးလှပနေ တာပါပဲနော်။
အမြဲကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ကာ ခန္ဓာကိုယ်ထိန်းထိန်းသိမ်းသိမ်းနေထိုင်တတ်တဲ့ ပြည်သူချစ်မင်း သမီးလေးကတော့ ဆံပင်စတိုင်နဒ့လည်းလိုက်ဖက်ကြောင်း ပရိသတ်တွေကမှတ်ချက်ပေးခဲ့ကြတာပါ။
ပရိသတ်တွေလည်း ရွှေကစ်ရဲ့ဆံပင်စတ်ုင်အသစ်လေးကသူမနဲ့လိုက်ဖက်ညီရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ ပါဦးနော်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ဆံပင်ပုံစံအသစ်လေးနဲ့ တမျိုးထူးပြီးလှနေတဲ့ ဝတ်မှုံရွှေရည်