မြန်မာဆန်ဆန် ကျက်သရေ ရှိစွာ ဝတ်ဆင်ထားတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ် က ဗီဒီယို ဇာတ်ကားများစွာကိုပါဝင်သရုပ် ဆောင်ထားပြီးအကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့်အနု ပညာနယ်ပယ်မှာအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ရွှေပိုးအိမ် ကအနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုကိုယ်ကျိုးမငဲ့ပဲ ကိုင်ပေးနေတဲ့ လေးစားစရာ အနုပညာရှင်ပဲ ဖြစ်ပါတယ်။

ရွှေပိုးက ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားသလို ကြည် လင်ဝင်းပတဲ့အသားအရေလေးတွေနဲ့ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။
မြန်မာဆန်လွန်းလှတဲ့ အေးချမ်းဖွယ်ရုပ်ရည်အလှကို ပိုင်ဆိုင်ထားတာကြောင့်လူကြီးလူငယ်မရွေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။

ရွေပိုးကတော့ လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားရချိန်မှာတော့ဓာတ်ပုံရိုက်ကူးမှုတွေကို ပိုမိုလုပ်ကိုင်နေခဲ့ပြီး ဓာတ်ပုံလေးတွေကို သူ့ရဲ့ပရိသတ်တွေအတွက်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြပေးနေခဲ့ပါတယ်။

လတ်တလောမှာတော့မြန်မာဖက်ရှင်လေးနဲ့သူမရဲ့အ လှတရားတွေပေါ်လွင်အောင်ချစ်စရာအမူအရာလေးတွေပေးကာရိုက်ထားတဲ့အမိုက်စားပုံလေးတွေကိုဖော် ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာရွှေပိုးတစ်ယောက် ယဉ်ယဉ်လေးနဲ့လှရက်လွန်းနေတာကြောင့်ပရိသတ်တွေအချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ရွှေပိုးရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ရွှေပိုးလည်းဒီထက်မကအောင်မြင်မှုတွေရရှိပါစေဆု တောင်းပေးလိုက်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.