လမင်းအနီရောင်ပြောင်းချိန်မှာ မိုးကြိူးထိမှန် ခဲ့တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး

ယနေ့ (၁၆-၅-၂၀၂၂) ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမိုးကြိုးခလို့ ရွှေသင်္ကန်းများအနည်းငယ် ကွာကျမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေး တာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုး တောင် ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူစေတီတော်မြတ်ကြီး၏ ကျော က်လုံး တော်ကိုလည်း မိုးကြိုးအနည်းခကာ စက်ကွင်းမိသွားခြင်းဖြစ် တယ်လို့ဆိုပါတယ်။

“မိုးက မနေ့ညနေကတည်းက ရွာနေတာ။ ဘုရားကို ပိတ်ထားလို့ မိုးတိတ်မှ သိရတာ။ အပျက်အစီး ကြီးကြီးမားမား မရှိပါဘူး။ ရွှေသင်္ကန်းကပ်ထားတဲ့နေရာအချို့ ကွာပြီး ကျောက်တုံးတော်ကြီး အနည်းငယ် ထိသွားတာလောက်တော့ရှိတယ်။” လို့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး ထိုသို့မဖြစ်စေရန် စေတီ တော်အနီးနားတွင်မိုးကြိုးလွဲတစ်ခု တပ်ဆင်ခဲ့သော်လည်း စေတီတော်၏ မြင်ကွင်း ပုံရိပ်ထိခိုက်ပြီး အမြင်မသင့်တယ်ဟုဆိုကာ ဝိုင်းကန့်ကွက်မှုများကြောင့် မိုးကြိုးလွဲတိုင် ကြီးအား ဖယ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။

သဘာဝ ဖြစ်စဉ်လို့ ပြောနိုင်ပေမယ့်လည်း အတိတ် နိ မိတ်ကောက်တတ်တဲ့ သူတွေကတော့ တန်ခိုးကြီး စေတီဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော်ကြီး မိုးကြိုးခတာဟာ ကြီးမားတဲ့ နိမိတ်ပြခြင်းလို့ ယုံကြည်နေကြပါတယ်။တိုက်ဆိုင်မှုအနေနဲ့ လ အနီရောင် ဖြစ်တဲ့ အချိန်နဲ့ စေ တီတော်ကြီး မိုးကြိုးခတဲ့ အချိန်ဟာ သိပ်မကွာခြားတာကို တွေ့ရပါတယ်။

မြန်မာ့သမိုင်းမှာလည်း မင်းပြောင်းမင်းလွှဲ ဖြစ်ကာနီးတိုင်း တော်လဲသံ ကြားရခြင်း၊ ဥက္ကာပျံကြွေခြင်း စတဲ့ ထင်ရှားတဲ့ နိမိတ်တွေ ပြလေ့ ရှိတာကြောင့် ယခုတကြိမ်မှာလည်း မင်းပြောင်းမင်းလွှဲ သေချာပေါက် ဖြစ်ဖို့ နိမိတ်ပြတာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

လမင္းအနီေရာင္ေျပာင္းခ်ိန္မွာ မိုးႀကိဴးထိမွန္ ခဲ့တဲ့ ဆံေတာ္ရွင္ ​က်ိဳက္ထီးရိုး ေစတီေတာ္ျမတ္ႀကီး

ယေန႕ (၁၆-၅-၂၀၂၂) ရက္ေန႕ နံနက္ ၁ နာရီေက်ာ္အခ်ိန္ခန႔္က က်ိဳက္ထီးရိုး ေစတီေတာ္ျမတ္ႀကီးမိုးႀကိဳးခလို႔ ေ႐ႊသကၤန္းမ်ားအနည္းငယ္ ကြာက်မႈျဖစ္ပြားခဲ့ေၾကာင္း က်ိဳက္ထီးရိုးရင္ျပင္ေတာ္ လုံၿခဳံေရး တာဝန္ယူထားသူတစ္ဦးက ေျပာပါတယ္။

ဆံေတာ္ရွင္က်ိဳက္ထီးရိုး ေတာင္ ေပၚတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူေစတီေတာ္ျမတ္ႀကီး၏ ေက်ာ က္လုံး ေတာ္ကိုလည္း မိုးႀကိဳးအနည္းခကာ စက္ကြင္းမိသြားျခင္းျဖစ္ တယ္လို႔ဆိုပါတယ္။

“မိုးက မေန႕ညေနကတည္းက ႐ြာေနတာ။ ဘုရားကို ပိတ္ထားလို႔ မိုးတိတ္မွ သိရတာ။ အပ်က္အစီး ႀကီးႀကီးမားမား မရွိပါဘူး။ ေ႐ႊသကၤန္းကပ္ထားတဲ့ေနရာအခ်ိဳ႕ ကြာၿပီး ေက်ာက္တုံးေတာ္ႀကီး အနည္းငယ္ ထိသြားတာေလာက္ေတာ့ရွိတယ္။” လို႔ တာဝန္ရွိသူက ေျပာပါတယ္။

ၿပီးခဲ့သည့္ႏွစ္အနည္းငယ္အတြင္း အလားတူျဖစ္ရပ္မ်ိဳးရွိခဲ့ဖူးၿပီး ထိုသို႔မျဖစ္ေစရန္ ေစတီ ေတာ္အနီးနားတြင္မိုးႀကိဳးလြဲတစ္ခု တပ္ဆင္ခဲ့ေသာ္လည္း ေစတီေတာ္၏ ျမင္ကြင္း ပုံရိပ္ထိခိုက္ၿပီး အျမင္မသင့္တယ္ဟုဆိုကာ ဝိုင္းကန႔္ကြက္မႈမ်ားေၾကာင့္ မိုးႀကိဳးလြဲတိုင္ ႀကီးအား ဖယ္ရွားခဲ့ရတယ္လို႔ဆိုပါတယ္။

သဘာဝ ျဖစ္စဥ္လို႔ ေျပာနိုင္ေပမယ့္လည္း အတိတ္ နိ မိတ္ေကာက္တတ္တဲ့ သူေတြကေတာ့ တန္ခိုးႀကီး ေစတီျဖစ္တဲ့ က်ိဳက္ထီးရိုးေစတီေတာ္ႀကီး မိုးႀကိဳးခတာဟာ ႀကီးမားတဲ့ နိမိတ္ျပျခင္းလို႔ ယုံၾကည္ေနၾကပါတယ္။တိုက္ဆိုင္မႈအေနနဲ႕ လ အနီေရာင္ ျဖစ္တဲ့ အခ်ိန္နဲ႕ ေစ တီေတာ္ႀကီး မိုးႀကိဳးခတဲ့ အခ်ိန္ဟာ သိပ္မကြာျခားတာကို ေတြ႕ရပါတယ္။

ျမန္မာ့သမိုင္းမွာလည္း မင္းေျပာင္းမင္းလႊဲ ျဖစ္ကာနီးတိုင္း ေတာ္လဲသံ ၾကားရျခင္း၊ ဥကၠာပ်ံေႂကြျခင္း စတဲ့ ထင္ရွားတဲ့ နိမိတ္ေတြ ျပေလ့ ရွိတာေၾကာင့္ ယခုတႀကိမ္မွာလည္း မင္းေျပာင္းမင္းလႊဲ ေသခ်ာေပါက္ ျဖစ္ဖို႔ နိမိတ္ျပတာလားဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.