အမြန်လမ်းပေါ်က ကြည်နူးပြီး ချစ်စရာကောင်းတဲ့ မိုးစက်ရဲ့ အလှုလေး

အမြန်လမ်းပေါ်ခရီးဆက်ရင်း မိုင်တိုင်(၂၀၀) မှာချစ် စရာကောင်းတဲ့ဖွားဖွားတစ်ယောက် ချိုသာတဲ့ အသံလေးနဲ့ ဈေး ရောင်းနေတာတွေ့လိုက်တယ်။“အဖွား ဘာတွေရောင်းနေတာလဲ“ခေါက်မုန့်လေး တွေပါ သား တစ်ထုပ်မှ ၅၀၀ထဲပါ“အဖွား အသက်ကရောဘယ် လောက်ရှိပြီလဲ“အမေ့ အသက် (၇၅)နှစ်ပါ သား မနက်မိုးလင်းရင် ဒီနားက ဆိုင်တွေတောင်မဖွင့်သေးဘူး ၊အမေက ဆိုင်ကယ်ကယ်ရီနဲ့ ရောက်လာပြီ၊ကယ်ရီခက (၃၀၀၀) တောင်ပေးရတယ်သားရဲ့

ချစ်စရာကောင်းတဲ့ အဖွားက သူ့ကိုယ်သူအမေဆိုတဲ့
နာမ်စားလေး သုံးပြီးစကားပြောတာလေးကလဲသွက် သွက်လက်လက်နဲ့ တကယ်ကို ချစ်စရာလေးပါဗျာ ။အဖွားဈေးရောင်းတဲ့ ဈေးတောင်းလေးထဲမှာ ထမင်းဗူး ၊ ဝါးသေးသေးလေးနဲ့ထွင်းထားတဲ့ဆေးလိပ်ထည့်တဲ့ အတံလေး ၊ ကွမ်းဆေးထုံးအထုပ်လေး စုံနေအောင်ပါဘဲဗျာ။

နေပူကျဲကျဲထဲမှာ ဘဝဝမ်းစာအတွက်ကြိုးစားရှာဖွေနေရတဲ့ အဖွားကို မြင်တွေ့ရတာလေးစားဖို့လဲကောင်းသ လို ၊ သနားစိတ်လေးလဲဝင်မိပါတယ်။ကဲ အားပေးမယ်နော် အဖွား (၃)ထုပ်ယူမယ် လျော့ဦးမလား ဟီး သားရယ်..ဟို သားတို့က ဘယ်လိုပေးချင်လို့လဲဟင်သူ့စိတ်ထဲမှာ ဈေးလဲရောင်းချင်လျော့ရောင်းရင်လဲ သိပ်မကျန်မှာစိုးရိမ်နေပုံရတယ်။

တကယ်ကို ဟန်မဆောင်တတ်တဲ့ချစ်စရာကောင်းတဲ့ အဖွား။“ကဲရော့ ဈေးမဆစ်တော့ဘူးနော်ပိုက်ဆံလေးတွေ လက်ထဲထည့်ပေးလိုက်တော့တစ်ပြွတ် ၊နှစ်ပြွတ် ဟာ သား အပြွတ်တွေအများကြီးဘဲ ၊တစ်ဆယ်ပြွတ်တောင်သားရယ်တစ်သောင်းတန် ၁၀ရွက်ကို ဘယ်လိုခေါ်ဝေါ်ပြီးရေတွက်လိုက်တာလဲမသိ ။

“ယူပါ အဖွားရဲ့ အဖွားကိုချစ်လို့ ပေးတာပါသားကန် တော့တာကို လက်ခံပေးပါနော်“မလုပ်ပါနဲ့ သားရယ်
သားတို့က လမ်းခရီး သွားရဦးမှာကို ရပါတယ် သားတို့မှာ ပါပါသေးတယ်“ကဲ ဒါဆိုရင် အမေလက်ခံလိုက်မယ်နော်နေဦး နေဦး ဆုပေးဦးမယ်အဖွားခမျာဝမ်းသာပြီး ဆုတွေလဲအများကြီးပေးလိုက်တယ် ၊ ကျွန်တော်တို့ ကားထွက်ခါနီးတဲ့အထိ ကားအ နားမှာ မျက်ရည်လေးတွေဝဲပြီး လက်ပြနှုတ်ဆက်ပြီး နေခဲ့ရှာတယ် ။

ဒီတစ်ခေါက်သွားရတဲ့ခရီးဟာ အရမ်းကို အဓိပ္ပါယ်ရှိပြီး အပြန်လမ်းတစ်လမ်းလုံးအပြုံးတွေနဲ့ ဝေဆာခဲ့ရတာပေါ့ဗျာ။အခုလိုအဖိုးအဖွားတွေမြင်တွေ့တိုင်းကူညီပေးနိုင်ဖို့ ကျွန်တော်နဲ့အတူ ပါဝင်အားဖြည့်လှူဒါန်းပေးကြသူများအားလုံးကျေးဇူးပါဗျာ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

အျမန္လမ္းေပၚက ၾကည္ႏူးၿပီး ခ်စ္စရာေကာင္းတဲ့ မိုးစက္ရဲ႕ အလႈေလး

အျမန္လမ္းေပၚခရီးဆက္ရင္း မိုင္တိုင္(၂၀၀) မွာခ်စ္ စရာေကာင္းတဲ့ဖြားဖြားတစ္ေယာက္ ခ်ိဳသာတဲ့ အသံေလးနဲ႕ ေဈး ေရာင္းေနတာေတြ႕လိုက္တယ္။“အဖြား ဘာေတြေရာင္းေနတာလဲ“ေခါက္မုန႔္ေလး ေတြပါ သား တစ္ထုပ္မွ ၅၀၀ထဲပါ“အဖြား အသက္ကေရာဘယ္ ေလာက္ရွိၿပီလဲ“အေမ့ အသက္ (၇၅)ႏွစ္ပါ သား မနက္မိုးလင္းရင္ ဒီနားက ဆိုင္ေတြေတာင္မဖြင့္ေသးဘူး ၊အေမက ဆိုင္ကယ္ကယ္ရီနဲ႕ ေရာက္လာၿပီ၊ကယ္ရီခက (၃၀၀၀) ေတာင္ေပးရတယ္သားရဲ႕

ခ်စ္စရာေကာင္းတဲ့ အဖြားက သူ႕ကိုယ္သူအေမဆိုတဲ့
နာမ္စားေလး သုံးၿပီးစကားေျပာတာေလးကလဲသြက္ သြက္လက္လက္နဲ႕ တကယ္ကို ခ်စ္စရာေလးပါဗ်ာ ။အဖြားေဈးေရာင္းတဲ့ ေဈးေတာင္းေလးထဲမွာ ထမင္းဗူး ၊ ဝါးေသးေသးေလးနဲ႕ထြင္းထားတဲ့ေဆးလိပ္ထည့္တဲ့ အတံေလး ၊ ကြမ္းေဆးထုံးအထုပ္ေလး စုံေနေအာင္ပါဘဲဗ်ာ။

ေနပူက်ဲက်ဲထဲမွာ ဘဝဝမ္းစာအတြက္ႀကိဳးစားရွာေဖြေနရတဲ့ အဖြားကို ျမင္ေတြ႕ရတာေလးစားဖို႔လဲေကာင္းသ လို ၊ သနားစိတ္ေလးလဲဝင္မိပါတယ္။ကဲ အားေပးမယ္ေနာ္ အဖြား (၃)ထုပ္ယူမယ္ ေလ်ာ့ဦးမလား ဟီး သားရယ္..ဟို သားတို႔က ဘယ္လိုေပးခ်င္လို႔လဲဟင္သူ႕စိတ္ထဲမွာ ေဈးလဲေရာင္းခ်င္ေလ်ာ့ေရာင္းရင္လဲ သိပ္မက်န္မွာစိုးရိမ္ေနပုံရတယ္။

တကယ္ကို ဟန္မေဆာင္တတ္တဲ့ခ်စ္စရာေကာင္းတဲ့ အဖြား။“ကဲေရာ့ ေဈးမဆစ္ေတာ့ဘူးေနာ္ပိုက္ဆံေလးေတြ လက္ထဲထည့္ေပးလိုက္ေတာ့တစ္ႁပြတ္ ၊ႏွစ္ႁပြတ္ ဟာ သား အႁပြတ္ေတြအမ်ားႀကီးဘဲ ၊တစ္ဆယ္ႁပြတ္ေတာင္သားရယ္တစ္ေသာင္းတန္ ၁၀႐ြက္ကို ဘယ္လိုေခၚေဝၚၿပီးေရတြက္လိုက္တာလဲမသိ ။

“ယူပါ အဖြားရဲ႕ အဖြားကိုခ်စ္လို႔ ေပးတာပါသားကန္ ေတာ့တာကို လက္ခံေပးပါေနာ္“မလုပ္ပါနဲ႕ သားရယ္
သားတို႔က လမ္းခရီး သြားရဦးမွာကို ရပါတယ္ သားတို႔မွာ ပါပါေသးတယ္“ကဲ ဒါဆိုရင္ အေမလက္ခံလိုက္မယ္ေနာ္ေနဦး ေနဦး ဆုေပးဦးမယ္အဖြားခမ်ာဝမ္းသာၿပီး ဆုေတြလဲအမ်ားႀကီးေပးလိုက္တယ္ ၊ ကြၽန္ေတာ္တို႔ ကားထြက္ခါနီးတဲ့အထိ ကားအ နားမွာ မ်က္ရည္ေလးေတြဝဲၿပီး လက္ျပႏႈတ္ဆက္ၿပီး ေနခဲ့ရွာတယ္ ။

ဒီတစ္ေခါက္သြားရတဲ့ခရီးဟာ အရမ္းကို အဓိပၸါယ္ရွိၿပီး အျပန္လမ္းတစ္လမ္းလုံးအၿပဳံးေတြနဲ႕ ေဝဆာခဲ့ရတာေပါ့ဗ်ာ။အခုလိုအဖိုးအဖြားေတြျမင္ေတြ႕တိုင္းကူညီေပးနိုင္ဖို႔ ကြၽန္ေတာ္နဲ႕အတူ ပါဝင္အားျဖည့္လႉဒါန္းေပးၾကသူမ်ားအားလုံးေက်းဇူးပါဗ်ာ။

Leave a Reply

Your email address will not be published.