မလွတ်မြောက်သေးတဲ့ ပိုပိုအတွက် ပိုင်တံခွန်ရဲ့ မွေးနေဆုတောင်းစကားနဲ့ အားပေးစကား

ပရိသတ်ကြီးရေမင်းသားချောပိုင်တံခွန်ကတော့မကြာသေးမီက ထောင်ကပြန်လွတ်လာခဲ့ပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

ဒါအပြင်ပိုင်တံခွန်က ထောင်ကျနေလို့ သိမ်ဆောက် လုပ်လှူဒါန်းမယ့်အလှူလေးနှောင့်နှေးသွားရတာကိုလည်းတောင်းပန်ထားပြီးပြန်လုပ်မယ်လို့လည်းပြောလာတာဖြစ်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ အဆိုတော်ပိုပိုရဲ့ မွေးနေ့ရက်မြတ်လေးမှာလည်း အထဲမှာရောက်ရှိပြီးပြန်လည်မလွတ်မြောက်သေးတာမို့ အားတင်းထားဖို့ အားပေးစကားတွေကို အခုလိုရေးသားလာခဲ့ပါတယ်

ပိုင်တခွန်က” Happy Birthday Ma Po Po မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက်နာကျင်ရလဲ ကျနော်အသိဆုံးပါကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့အမြဲ ဆုတောင်းပေးနေပါတယ်
အပြင်ပြန်ရာက်လာရင် ငါ့တို့မောင်နှမတွေ အရင်လို အလုပ်လေးတွေပြန်လုပ်ရင်း

လိပ်ပြာသန့်သန့် နဲ့ မိသားစု နှင့် ပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်အောင် ကြိုးစားကြမယ် အားတင်းထားပါ ငါ့အမ” လို့ရေးသားထားတာဖြစ်ပါတယ်နော်ပရိတ်သတ်ကြီးရေ ပိုပိုလည်း အရမ်းပြန်လွတ်ချင်နေမှာပဲမို့ မွေးနေ့လေးမှာ သတိတရနဲ့ ဆုတောင်းစကားလေးတွေ ရေးသားပေးခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.