ဆရာဖြစ်တဲ့သူက အရမ်းကို ဂုဏ်ယူစရာကောင်းတယ်လို့ ဖွင့်ဟလာတဲ့ မြနှင်းရည်လွင်

မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်‌။ ဖေဖော်ဝါရီလကစခဲ့တဲ့ နိုင်ငံရေးမီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ။

အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါးပါဝင်တဲ့ဆန္ဒပြပွဲတွေတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာပါ။ နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။

ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။

သတင်းတင်ဆက်သူ ကိုကျော်သက်လင်း ဟာ လွတ် မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလားကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။

အများအားဖြင့်တော့ အရင်အတိုင်းပါပဲကျနော်လားကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအ တွ က်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။

မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအ တွက်လည်း စိတ်ထိခိုက်ရပါတယ်။ စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ် ” သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ အ သိပေးရေးသားထားတာကြောင့် ပရိသတ်တွေနဲ့ မိတ် ဆွေများက လေးစားအံ့သြခဲ့ကြရပါတယ်။

အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အ တွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ပြည်သူဘက် တော်သား CDM သရဲကောင်း ကိုကျော်သက်လင်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ဆရာျဖစ္တဲ့သူက အရမ္းကို ဂုဏ္ယူစရာေကာင္းတယ္လို႔ ဖြင့္ဟလာတဲ့ ျမႏွင္းရည္လြင္

ျမန္မာျပည္ရဲ႕လက္ရွိနိုင္ငံေရးအေျခအေနေတြကို အားလုံးသိၾကမယ္ထင္ပါတယ္‌။ ေဖေဖာ္ဝါရီလကစခဲ့တဲ့ နိုင္ငံေရးမီးေလာင္ကြၽမ္းေနတာဆိုရင္ ကိုးလေက်ာ္အခ်ိန္ကိုၾကာျမႇင့္ခဲ့ပါၿပီ။

အာဏာသိမ္းတာကို လက္မခံတဲ့ ျပည္သူေတြအားလုံးနီးပါးပါဝင္တဲ့ဆႏၵျပပြဲေတြတစ္နိုင္ငံလုံးအတိုင္းအတာအေနနဲ႕ေပၚေပါက္လာခဲ့တာပါ။ နိုင္ငံေတာ္ကခန႔္အပ္ထားတဲ့ အစိုးရဝန္ထမ္းေတြကလဲ CDM အေနနဲ႕ပါဝင္ သပိတ္ေမွာက္ခဲ့ၾကပါတယ္။

ထိုအထဲတြင္ အာဏာစသိမ္းခဲ့တဲ့အခ်ိန္အေစာပိုင္းကထဲက CDM ျပဳလုပ္ခဲ့တဲ့ MRTV ႐ုပ္သံရဲ႕ သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း တစ္ေယာက္လဲပါဝင္ခဲ့ပါတယ္။ ဆရာတပည့္ျဖစ္တဲ့ ျမႏွင္းရည္လြင္ ကေတာ့ ဆရာျဖစ္သူအတြက္ ဂုဏ္ယူဝမ္းေျမာက္ေနပါတယ္။

သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း ဟာ လြတ္ ေျမာက္နယ္ေျမေရာက္ရွိေနတယ္ဆိုတဲ့အေၾကာင္းကို ” ေတာထဲဝင္ ယူနီေဖာင္းေလးဝတ္ ေသနတ္ေလးကိုင္ၿပီးဓာတ္ပုံရိုက္ျပရင္ အဆင္ေျပမလားက်ေနာ္fb accေလးျပန္ရၿပီး မိတ္ေဆြေတြကိုလိုက္ၾကည့္မိတယ္။

အမ်ားအားျဖင့္ေတာ့ အရင္အတိုင္းပါပဲက်ေနာ္လားကိုဗစ္ ငွက္ဖ်ား တုတ္ေကြး အားလုံးထိၿပီး လြန္ေျမာက္ခဲ့ပါၿပီ။ကိုယ္ေရာစိတ္ပါ က်န္းမာလ်က္ပါ။မီးစိမ္းေလးမလင္း ျပန္မလာ ျပန္မဆုံေတာ့တဲ့မိတ္ေဆြေတြအ တြ က္စိတ္မေကာင္းႀကီးစြာျဖစ္မိပါတယ္။

ၿမိဳ႕ျပမွာ စိတ္ေရာကိုယ္ပါဒုကၡေရာက္ေနၾကသူေတြအ တြက္လည္း စိတ္ထိခိုက္ရပါတယ္။ စိတ္ပူေနၾကသူေတြအားလုံးကိုလည္း ေက်းဇူးတင္စြာ ႏႈတ္ခြန္းဆက္ပါတယ္ ” သူ႕ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚကေန အ သိေပးေရးသားထားတာေၾကာင့္ ပရိသတ္ေတြနဲ႕ မိတ္ ေဆြမ်ားက ေလးစားအံ့ၾသခဲ့ၾကရပါတယ္။

အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ “က်န္းမာေတာ္မူၾကပါစ”ဆိုတဲ့ အသံပိုင္ရွင္ MRTV ႐ုပ္သံရဲ႕သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း အ တြက္ဂုဏ္ယူဝမ္းေျမာက္ရပါတယ္။ျပည္သူဘက္ ေတာ္သား CDM သရဲေကာင္း ကိုေက်ာ္သက္လင္း ေဘးကင္းလုံၿခဳံပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

Leave a Reply

Your email address will not be published.