အာဏာသိမ်းမှုသာမရှိခဲ့လျှင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးလို့ ကျောင်းလဲ ကောင်းကောင်းဖွင့်နိုင်မှာလို့ဆို

အာဏာသိမ်းမှုသာမရှိခဲ့လျှင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးလို့ ကျောင်းလဲ ကောင်းကောင်းဖွင့်နိုင်မှာလို့ဆို

မေ၂၈ရက်

အာဏာသိမ်းမှုသာမရှိခဲ့လျှင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးလို့ ကျောင်းလဲ ကောင်းကောင်းဖွင့်နိုင်မှာလို့ဆိုပါတယ်။

မေ၂၈ရက်မှာ NUGအစိုးရက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကပြောကြားခဲ့တာပါ။

“မနေ့က မေလ ၂၇ ရက်နေ့ တရက်တည်းကို ကိုဗစ် အတည်ပြုလူနာ ၉၆ ယောက်တွေ့တယ် လို့ ပြောပါတယ်။ ဒါတောင် စစ်ဆေးခဲ့သူ ၁၇၈၈ ယောက်မှာတွေ့တာပါ။ စစ်ဆေးခဲ့တာလဲ ရန်ကုန်နဲ့ နေပြည်တော်ရှိ စစ်ဆေးရုံမှာပဲ လုပ်နိုင်ခဲ့တာပါ။ တနိုင်ငံလုံး အတိုင်းအတာ နဲ့သာ လုပ်နိုင်ခဲ့လျှင်ဘယ်လောက်တောင် ဆိုးဝါးနေပြီလဲ မတွေးဝံ့စရာပါ။
အာဏာသိမ်းမှုသာမရှိခဲ့လျှင် ဒီချိန်ဆိုရင် တော်တော်များများ ကာကွယ်ဆေးထိုးပြီးလို့ ကျောင်းလဲ ကောင်းကောင်းဖွင့်နိုင်တော့မှာပါ။ဝမ်းနည်းစရာများတွေးလေ ယူကြုံးမရသလို ခံစားရပါတယ်။ အာဏာ အာဏာ.. လူတွေရဲ့ဘဝ နဲ့ အသက်ပေါင်းများစွာနဲ့ရင်းပြီး အာဏာရတော့ရော ဘယ်လောက်ထပ်နေနိုင်အုံးမှာလဲ”လို့ဆိုပါတယ်။

ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် ထိန်းချုပ်ကုသရေးစင်တာများနဲ့ လုပ်အားပေး စေတနာ့ဝန်ထမ်းများက လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကျောင်းအတင်းဖွင့်ဖို့လုပ်နေပေမဲ့ကိုဗစ် ကူးစက်မပြန့်ပွားရေး အစီအစဉ်တွေမရှိဘူးလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *