ပုရိသ ယောင်္ကျားထုကြီး သတိပေးစကားပြောလာတဲ့ မော်ဒယ်ခင်ရူပ

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပကတော့ အသက် (၁၄) နှစ်အရွယ်ကတည်းက အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Miss Tourism Beauty Pageant 2011 ပြိုင်ပွဲကြီးမှာ Winner တစ်ယောက်အဖြစ် လူသိများကျော်ကြားခဲ့သူဖြစ်ပါတယ်။

ခင်ရူပက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာ အ လုပ်တွေကို ရပ်နားလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်နဲ့ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကို ကူညီလုပ် ကိုင်ရင်း တည်ငြိမ်တဲ့ဘဝတစ်ခုကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

အိမ်ထောင်သည်အမျိုးသမီးဖြစ်တဲ့ ခင်ရူပဟာ ဒီကနေ့မှာတော့ သူမနဲ့ခင်မင်ရင်းနှီးတာကို အခွင့်ကောင်းယူပြီး ထိကပါးရိကပါးမပြုလုပ်ဖို့ သတိပေးလာခဲ့ပါတယ်။ခင်ရူပက “တချိူ့ အမျိုးသားများရှင် ကျမခင်တတ်ပါတယ် မရိုင်းတတ်ပါဘူး ဒါမယ့်နှုတ်ဆက်ရင် ထိကပါးရိကပါးကိုင်တာတွေ ပွတ်တာတွေ လုံးဝ အဆင်ပြေမနေပါဘူးနော်။

ကျမဘယ်လိုဘဲဝတ်ဝတ်ရှင်တို့ ထိခွင့်မရှိပါဘူးနော်! ဒါကျမလွတ်လပ်ခွင့်ပါ။ ဖက်တာလည်းမကြိုက်ပါဘူး ဒီတိုင်းခင်မင်ရင်းနှီးစွာမဖက်မထိဘဲ နှုတ်ဆက်ပါစိတ်အရမ်းအခန့်မသင့်လာရင် ဆွဲထိုးပါမယ်နော်။ဆိုရှယ်ကျမနေဘူးနော် သိဖို့က ကိုယ်လည်း သူများလင်ဆို အရမ်းဆင်ခြင်တယ် ဘယ်လောက်ခင်ခင် သတိအ ရမ်းထားတယ်။

ပြီးတော့အိုကြီးအိုမချောလှလည်းမနေကြဘူး သူငယ်အဆင်အတောင့်အဖြောင့်ဆိုလည်း ဟုတ်သေး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာဖြစ်ပါတယ်။ခင်ရူပကတော့ သူမကိုယ်တိုင်လည်း သားမ ယားရှိတဲ့ အမျိုးသားတွေနဲ့ ခင်မင်ရင်လည်း ဆင်ခြင်သလို သူမအပေါ်ကိုလည်း လေးစားမှုရှိဖို့ ပြောလာတာပဲဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ပုရိသ ေယာကၤ်ားထုႀကီး သတိေပးစကားေျပာလာတဲ့ ေမာ္ဒယ္ခင္႐ူပ

သ႐ုပ္ေဆာင္နဲ႕ ေမာ္ဒယ္လ္ ခင္႐ူပကေတာ့ အသက္ (၁၄) ႏွစ္အ႐ြယ္ကတည္းက အလွမယ္ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္ၿပီး Miss Tourism Beauty Pageant 2011 ၿပိဳင္ပြဲႀကီးမွာ Winner တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားခဲ့သူျဖစ္ပါတယ္။

ခင္႐ူပက အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာ အ လုပ္ေတြကို ရပ္နားလိုက္ၿပီး သူမရဲ႕ကိုယ္ပိုင္စီးပြားေရးအလုပ္နဲ႕ ခင္ပြန္းျဖစ္သူရဲ႕ အလုပ္ေတြကို ကူညီလုပ္ ကိုင္ရင္း တည္ၿငိမ္တဲ့ဘဝတစ္ခုကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။

အိမ္ေထာင္သည္အမ်ိဳးသမီးျဖစ္တဲ့ ခင္႐ူပဟာ ဒီကေန႕မွာေတာ့ သူမနဲ႕ခင္မင္ရင္းႏွီးတာကို အခြင့္ေကာင္းယူၿပီး ထိကပါးရိကပါးမျပဳလုပ္ဖို႔ သတိေပးလာခဲ့ပါတယ္။ခင္႐ူပက “တခ်ိဴ႕ အမ်ိဳးသားမ်ားရွင္ က်မခင္တတ္ပါတယ္ မရိုင္းတတ္ပါဘူး ဒါမယ့္ႏႈတ္ဆက္ရင္ ထိကပါးရိကပါးကိုင္တာေတြ ပြတ္တာေတြ လုံးဝ အဆင္ေျပမေနပါဘူးေနာ္။

က်မဘယ္လိုဘဲဝတ္ဝတ္ရွင္တို႔ ထိခြင့္မရွိပါဘူးေနာ္! ဒါက်မလြတ္လပ္ခြင့္ပါ။ ဖက္တာလည္းမႀကိဳက္ပါဘူး ဒီတိုင္းခင္မင္ရင္းႏွီးစြာမဖက္မထိဘဲ ႏႈတ္ဆက္ပါစိတ္အရမ္းအခန႔္မသင့္လာရင္ ဆြဲထိုးပါမယ္ေနာ္။ဆိုရွယ္က်မေနဘူးေနာ္ သိဖို႔က ကိုယ္လည္း သူမ်ားလင္ဆို အရမ္းဆင္ျခင္တယ္ ဘယ္ေလာက္ခင္ခင္ သတိအ ရမ္းထားတယ္။

ၿပီးေတာ့အိုႀကီးအိုမေခ်ာလွလည္းမေနၾကဘူး သူငယ္အဆင္အေတာင့္အေျဖာင့္ဆိုလည္း ဟုတ္ေသး” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာခဲ့တာျဖစ္ပါတယ္။ခင္႐ူပကေတာ့ သူမကိုယ္တိုင္လည္း သားမ ယားရွိတဲ့ အမ်ိဳးသားေတြနဲ႕ ခင္မင္ရင္လည္း ဆင္ျခင္သလို သူမအေပၚကိုလည္း ေလးစားမႈရွိဖို႔ ေျပာလာတာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.