မေလ ၂၈ရက်။
မေလ ၂၇ရက်နေ့ည ၈နာရီခွဲ အချိန်မှ ည ၁၂နာရီအချိန်အထိ က ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်
စစ်ကောင်စီတပ်တို့ ကယားပြည်နယ်၊ဒီမော့စိုမြိုနယ်အတွင်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေကြောင်း KPDFက ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် KPDFတို့ နှစ်ဘက် ထိခိုက်ကျဆုံးမှုစာရင်ကို အတည်ပြုနိုင်ရန် ခက်ခဲနေသည်။
ယနေ့ မနက်ပိုင်းကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်းရပ်ကွက်အချို့၌ ပိတ်မိနေသူများကို PDFအဖွဲ့ဝင်များနှင့်
Free Burma Rangers Karenniအဖွဲ့တို့ချီတက်စဥ် မြောင်းအောက်ရပ်ကွက် ရှိတံတားအနီး၌ စစ်ကောင်တပ်တို့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲများဖြစ်ပွားခဲ့ကာ PDFအဖွဲ့ဝင် ၂ဦးနှင့် Free Burma Rangerအဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့ကြောင်းလဲသိရသည်။