ပြည်ပ နိုင်ငံတွေကို အားကိုးနေသရွေ့ ငြိမ်းချမ်းရေးမရနိုင်ဘူး လို့ ဆိုလာတဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU၊ KIA၊ KNPP စတဲ့ EAO တပ်ဖွဲ့တွေဟာ PDF၊ CRPHတို့နဲ့ ပတ်သတ်နေတဲ့အပြင် ပြည်ပနိုင်ငံတွေနဲ့ပတ်သက်ဆက်နွယ်နေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်တာလို့ ပြောဆိုလိုက်ပါတယ်။

မေ ၁၂ ရက် မနေ့က ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင် စီအစည်းအဝေးမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကို အခုလိုပြောဆိုခဲ့တာပါ။နိုင်ငံ့အရေး၊ ပြည်တွင်းအရေးမှာ ပြည်ပနိုင်ငံတွေပါဝင်ပတ်သက်နေသမျှကာလပတ်လုံးတိုင်းပြည်တည် ငြိမ်အေးချမ်းမှာမဟုတ်ဘူးလို့လည်း စစ်ခေါင်းဆောင်ကပြောဆိုလိုက်ပါသေးတယ်။

“KNU ရယ်၊ နောက်တစ်ခါ KIA ရယ်၊ KNPP အဲဒီနယ် မြေတွေမှာရှိတဲ့ တချို့သော သူတို့အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ် သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်။

ဒါကြောင့်လည်း သူတို့ကကျနော်တို့ရဲ့ ဆွေးနွေး ပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ် ပြန်ခဲ့တာဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိပါတယ်။ နိုင်ငံ့အရေး၊ ပြည်တွင်းအရေးမှာ ပြည်ပနိုင်ငံတွေပါဝင်ပတ် သက်နေသမျှကာလပတ် လုံးတိုင်းပြည်တည် ငြိမ်အေး ချမ်းဖို့ဆိုတာတော်တော်ခက်ပါတယ်”လို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ မေလ ၉ ရက်နေ့နောက်ဆုံးစာရင်းအရ လက် ရှိ ပစ်ခတ်မှုများမရှိသည့် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့နှင့် မထိုးထားသည့် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တက်ရောက်မည်ဖြစ်သည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ျပည္ပ နိုင္ငံေတြကို အားကိုးေနသေ႐ြ႕ ၿငိမ္းခ်မ္းေရးမရနိုင္ဘူး လို႔ ဆိုလာတဲ့ စစ္ေကာင္စီ ေခါင္းေဆာင္ မင္းေအာင္လွိုင္

စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က KNU၊ KIA၊ KNPP စတဲ့ EAO တပ္ဖြဲ႕ေတြဟာ PDF၊ CRPHတို႔နဲ႕ ပတ္သတ္ေနတဲ့အျပင္ ျပည္ပနိုင္ငံေတြနဲ႕ပတ္သက္ဆက္ႏြယ္ေနလို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမတက္ေရာက္တာလို႔ ေျပာဆိုလိုက္ပါတယ္။

ေမ ၁၂ ရက္ မေန႕က ျပဳလုပ္တဲ့ ေနျပည္ေတာ္ စစ္ေကာင္ စီအစည္းအေဝးမွာ ၿငိမ္းခ်မ္းေရးနဲ႕ပတ္သက္ၿပီး စစ္ေကာင္စီအဖြဲ႕ဝင္ေတြကို အခုလိုေျပာဆိုခဲ့တာပါ။နိုင္ငံ့အေရး၊ ျပည္တြင္းအေရးမွာ ျပည္ပနိုင္ငံေတြပါဝင္ပတ္သက္ေနသမွ်ကာလပတ္လုံးတိုင္းျပည္တည္ ၿငိမ္ေအးခ်မ္းမွာမဟုတ္ဘူးလို႔လည္း စစ္ေခါင္းေဆာင္ကေျပာဆိုလိုက္ပါေသးတယ္။

“KNU ရယ္၊ ေနာက္တစ္ခါ KIA ရယ္၊ KNPP အဲဒီနယ္ ေျမေတြမွာရွိတဲ့ တခ်ိဳ႕ေသာ သူတို႔အဖြဲ႕အစည္းေတြက က်ေနာ္တို႔ဆီမွာ လက္ရွိအၾကမ္းဖက္လို႔ သတ္မွတ္ထားတဲ့ PDF ေနာက္တစ္ခါ CRPH သူတို႔နဲ႕ ဆက္ႏြယ္ေနတဲ့ဟာေတြရွိတာေတြ႕တယ္။ ဒီအဖြဲ႕ေတြက ျပည္ပနိုင္ငံရဲ႕ ပတ္ သက္မႈနဲ႕ ဆက္ႏြယ္ေနတယ္လို႔လည္း က်ေနာ္တို႔ သိထားပါတယ္။

ဒါေၾကာင့္လည္း သူတို႔ကက်ေနာ္တို႔ရဲ႕ ေဆြးေႏြး ပြဲနဲ႕ ပတ္သက္ၿပီးေတာ့ မတက္ဘူးဆိုတဲ့အေၾကာင္း ထုတ္ ျပန္ခဲ့တာျဖစ္တယ္လို႔ က်ေနာ္တို႔ ေတြ႕ရွိပါတယ္။ နိုင္ငံ့အေရး၊ ျပည္တြင္းအေရးမွာ ျပည္ပနိုင္ငံေတြပါဝင္ပတ္ သက္ေနသမွ်ကာလပတ္ လုံးတိုင္းျပည္တည္ ၿငိမ္ေအး ခ်မ္းဖို႔ဆိုတာေတာ္ေတာ္ခက္ပါတယ္”လို႔ စစ္ေခါင္း ေဆာင္ မင္းေအာင္လွိုင္က ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲနဲ႕ပတ္သက္လို႔ စစ္ေကာင္စီနဲ႕ေတြ႕ဆုံဖို႔ ေမလ ၉ ရက္ေန႕ေနာက္ဆုံးစာရင္းအရ လက္ ရွိ ပစ္ခတ္မႈမ်ားမရွိသည့္ NCA လက္မွတ္ထိုးထားသည့္ ၇ ဖြဲ႕ႏွင့္ မထိုးထားသည့္ ၃ ဖြဲ႕ စုစုေပါင္း ၁၀ ဖြဲ႕တက္ေရာက္မည္ျဖစ္သည္။

Leave a Reply

Your email address will not be published.