တော်လှန်ရေးအဖွဲ့တွေ ကိုအရမ်းမှီခိုလွန်းရင် မကောင်းဘူးလို့ ပြောလာတဲ့ ဗိုလ်ကြီး ဟိန်းထက်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သ‌‌တ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့ တဟုန်ထိုးဝင်ရောက် လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။

ဟိန်းထက်ဟာ မင်းသမီးချော မေမြင့်မိုရ်နဲ့တွဲဖက်သ ရုပ် ဆောင်ထားပြီးတော့ ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ အ ပြိုင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အရိပ်ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ် ဆောင် ခဲ့ပြီးသရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိ သတ်လက် ခံအားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။

ဟိန်းထက် ကတော့ တော်လှန်ရေးလုပ်တဲ့နေ ရာမှာ အ ဖွဲ့အစည်းတစ်ခုအပေါ် အရမ်းမှီခိုလို့မရတဲ့အကြောင်းကို ” တော်လှန်ရေးဆိုတာ အဖွဲ့အစည်းတစ်ခုပေါ်အ လွန်မှီခိုလို့မရဘူး။

အကယ်လို့အဲ့ဒီ့အဖွဲ့အစည်းက အကြောင်းကြောင်းကြောင့် ပြိုလဲသွားရင်ဖြစ်စေ စစ်မှန်မှုမရှိပဲ သိုးရေခြုံထားရင်ဖြစ်စေဒီအဖွဲ့အစည်းက ပေးဆပ်ခြင်းထက်ရယူခြင်းများရင် မင်းရဲ့တော်လှန်ရေးက အဆုံးသတ်သွားလိမ့်မယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသာ းထားတာကို တွေ့ရပါတယ်။

ဟိန်းထက် ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်။ မင်းသား ဟိန်းထက် ဟာ လွတ် မြောက်နယ်မြေကို သွားရောက်ဖို့အတွက် သံယောဇဉ်နှောင်ကြိုးတွေကိုလဲ အပီးတိုင်ဖြတ်ခဲ့ပြီး တော်လှန်ရေးအတွက်အစွမ်းကုန်ကြိုးစားနေတာကိုလဲတွေ့ရပါတယ် ။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ တောင်းဆုပြုပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.