သရဲလေးကောင်က သရဲတစ်ကောင်ပဲ ကျန်တော့တယ်လို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ ဦးအရိုင်း

သရဲလေးကောင်အဖွဲ့ထဲက ဝါရင့်ဟာသသရုပ်ဆောင် ဦးဖိုးဖြူတစ်ယောက် မတ်လ ၁၁ရက်က အဆုတ်ရော ဂါ နဲ့ ကွယ်လွန်သွားပြီးတဲ့နောက် ဦးအရိုင်းက အခုလို ဝမ်းနည်းစကားဆိုလာတာ ဖြစ်ပါတယ်။

သရဲ လေးကောင်မှာ ဖိုးဖြူ၊ အရိုင်း ၊ ကင်းကောင်နဲ့ ကု သိုလ် လေးယောက် ရှိတာမှာ သရဲသုံးကောင်က တော့သွားရှာပြီ။သရဲတစ်ကောင်ပဲ ယောင်လည်လည်နဲ့ ကျန် ရစ်ခဲ့တာပေါ့ ဆိုပြီး ဦးဖိုးဖြူရဲ့ နာရေးကို သတင်းလာမေးရင်း ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။

နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာတဲ့သူတို့ လေးဦးဟာမိသားစုဝင်တွေနဲ့ အချိန်ကုန်ရတာထက်ကို လေးယော က်က အမြဲတတွဲတွဲ ရှိနေခဲ့တာကြောင့် သံ ယောဇဉ် တွေ ပိုများခဲ့ကြသူတွေပါ။ဒီသူငယ်ချင်းတွေက အချိန်ပေးခဲ့ရတာတွေက မိသား စုထက် တောင်ပိုခဲ့ပါတယ်။ဘဝတွေအကုန်လုံးကို ဖြတ်ကျော်ပြီး ဒီလူတွေလာဆုံစည်းကြတာ။မိသားစုဝင်တွေ ထက်တောင် ရင်း နှီးကျွမ်းဝင်လာတဲ့ ရဲဘော်ရဲဘက်တွေ ဆိုတော့ ဆိုးလည်းအတူတူ ကောင်းလည်းအတူတူ ဖြတ်သန်းခဲ့ကြတာပါပဲ။

သူကတော့ စောစောထွက်သွားတယ် ဆိုတော့ စိတ်မကောင်းဘူးဆိုတာထက် စိတ်ထိခိုက်ရတယ်၊ ပရိသတ်ကြီးကလည်း သွားလေသူအတွက် ဆုတောင်းမေတ္တာပို့သ ပေးပါလို့ တောင်းဆိုပါတယ် လို့ ဦးအရိုင်းက သူ ငယ်ချင်းတွေအပေါ်ထားတဲ့ သူ့ရဲ့သံယောဇဉ်ကို ပြောပြရင်း ပရိသတ်ကိုတောင်းဆိုလိုက်ပါတယ်။

သရဲလေးကောင် ပြဇာတ်က နေ လူသိများ လာခဲ့တဲ့ သူတို့လေးဦးမှာ တော့ သရုပ်ဆောင် ကင်းကောင်၊ ကုသို လ်နဲ့ ဖိုးဖြူ တို့က တော့ ကွယ်လွန်သွားကြပြီပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ မင်းသားကုသိုလ်က တော့ ၂၀၁၄ခုနှစ် ဇွန်လ က အသည်းရောဂါ နဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး

ဝါရင့်ဟာသ သရုပ်ဆောင်ကင်းကောင်ကတော့ ၂၀၁၉ ခုနှစ်က ပုပ္ပားမှာ ချွဲကျပ်ပြီး ရုတ်တရက်ကွယ် လွန် သွားခဲ့တာပါ။ ဦးကင်းကောင် ကွယ်လွန်ပြီး ၃နှစ်အကြာမှာပဲ ဦးဖိုးဖြူဟာလည်း အဆုတ်ခဲတဲ့ ရောဂါနဲ့ ၂၀၂၂ခုနှစ် မတ်လ ၁၁ရက်မှာ တိမ်းပါးသွားခဲ့တာဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သရဲေလးေကာင္က သရဲတစ္ေကာင္ပဲ က်န္ေတာ့တယ္လို႔ ဝမ္းနည္းဖြယ္ဆိုလာတဲ့ ဦးအရိုင္း

သရဲေလးေကာင္အဖြဲ႕ထဲက ဝါရင့္ဟာသသ႐ုပ္ေဆာင္ ဦးဖိုးျဖဴတစ္ေယာက္ မတ္လ ၁၁ရက္က အဆုတ္ေရာ ဂါ နဲ႕ ကြယ္လြန္သြားၿပီးတဲ့ေနာက္ ဦးအရိုင္းက အခုလို ဝမ္းနည္းစကားဆိုလာတာ ျဖစ္ပါတယ္။

သရဲ ေလးေကာင္မွာ ဖိုးျဖဴ၊ အရိုင္း ၊ ကင္းေကာင္နဲ႕ ကု သိုလ္ ေလးေယာက္ ရွိတာမွာ သရဲသုံးေကာင္က ေတာ့သြားရွာၿပီ။သရဲတစ္ေကာင္ပဲ ေယာင္လည္လည္နဲ႕ က်န္ ရစ္ခဲ့တာေပါ့ ဆိုၿပီး ဦးဖိုးျဖဴရဲ႕ နာေရးကို သတင္းလာေမးရင္း ဝမ္းနည္းစြာနဲ႕ ဆိုပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ခင္မင္ရင္းႏွီးလာတဲ့သူတို႔ ေလးဦးဟာမိသားစုဝင္ေတြနဲ႕ အခ်ိန္ကုန္ရတာထက္ကို ေလးေယာ က္က အၿမဲတတြဲတြဲ ရွိေနခဲ့တာေၾကာင့္ သံ ေယာဇဥ္ ေတြ ပိုမ်ားခဲ့ၾကသူေတြပါ။ဒီသူငယ္ခ်င္းေတြက အခ်ိန္ေပးခဲ့ရတာေတြက မိသား စုထက္ ေတာင္ပိုခဲ့ပါတယ္။ဘဝေတြအကုန္လုံးကို ျဖတ္ေက်ာ္ၿပီး ဒီလူေတြလာဆုံစည္းၾကတာ။မိသားစုဝင္ေတြ ထက္ေတာင္ ရင္း ႏွီးကြၽမ္းဝင္လာတဲ့ ရဲေဘာ္ရဲဘက္ေတြ ဆိုေတာ့ ဆိုးလည္းအတူတူ ေကာင္းလည္းအတူတူ ျဖတ္သန္းခဲ့ၾကတာပါပဲ။

သူကေတာ့ ေစာေစာထြက္သြားတယ္ ဆိုေတာ့ စိတ္မေကာင္းဘူးဆိုတာထက္ စိတ္ထိခိုက္ရတယ္၊ ပရိသတ္ႀကီးကလည္း သြားေလသူအတြက္ ဆုေတာင္းေမတၱာပို႔သ ေပးပါလို႔ ေတာင္းဆိုပါတယ္ လို႔ ဦးအရိုင္းက သူ ငယ္ခ်င္းေတြအေပၚထားတဲ့ သူ႕ရဲ႕သံေယာဇဥ္ကို ေျပာျပရင္း ပရိသတ္ကိုေတာင္းဆိုလိုက္ပါတယ္။

သရဲေလးေကာင္ ျပဇာတ္က ေန လူသိမ်ား လာခဲ့တဲ့ သူတို႔ေလးဦးမွာ ေတာ့ သ႐ုပ္ေဆာင္ ကင္းေကာင္၊ ကုသို လ္နဲ႕ ဖိုးျဖဴ တို႔က ေတာ့ ကြယ္လြန္သြားၾကၿပီပဲ ျဖစ္ပါတယ္။ ဒါရိုက္တာ မင္းသားကုသိုလ္က ေတာ့ ၂၀၁၄ခုႏွစ္ ဇြန္လ က အသည္းေရာဂါ နဲ႕ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး

ဝါရင့္ဟာသ သ႐ုပ္ေဆာင္ကင္းေကာင္ကေတာ့ ၂၀၁၉ ခုႏွစ္က ပုပၸားမွာ ခြၽဲက်ပ္ၿပီး ႐ုတ္တရက္ကြယ္ လြန္ သြားခဲ့တာပါ။ ဦးကင္းေကာင္ ကြယ္လြန္ၿပီး ၃ႏွစ္အၾကာမွာပဲ ဦးဖိုးျဖဴဟာလည္း အဆုတ္ခဲတဲ့ ေရာဂါနဲ႕ ၂၀၂၂ခုႏွစ္ မတ္လ ၁၁ရက္မွာ တိမ္းပါးသြားခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.