အမေဒေါ်အောင်ဆန်းစုကြည်၏ မြေးနှစ်ဦး”

“အမေဒေါ်အောင်ဆန်းစုကြည်၏ မြေးနှစ်ဦး”

၂၀၁၂က ဗြိတိန် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစု ကြည်ကို မိသားစုနှင့်ပတ်သက်၍ ဘီဘီစီ၏ မေးမြန်းမှု၌

“မိသားစုတွေကို အချိန်မ ပေးနိုင်ခဲ့တဲ့အတွက် ကိုယ်ရေးကိုယ် တာအရ နောင်တတွေ ကျွန်မ မှာရှိပါတယ်။ ကျွန်မလည်း ကျွန်မ မိသားစုနဲ့အတူနေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းတာလည်း မြင်ချင်တာပေါ့။

ဒါပေမယ့် တကယ်တော့ ဒီမှာရှိနေတဲ့ ကျွန်မရဲ့ပြည်သူတွေနဲ့ အတူရှိနေဖို့ကို ရွေးချယ်ခဲ့ရပါတယ်”ဟု ဖြေကြားခဲ့သည်။

သားငယ်ကင်မ်သည် ၎င်း၏ သားကြီး Jimmy၊ သမီးငယ် Jocelyn တို့နှင့်အတူ ဘတ်စ်ကား စီး၍ လန်ဒန်မြို့သို့ ရောက်ရှိနေစဉ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့တာဖြစ်ပါတယ်။

လန်ဒန်မြို့လယ်ရှိ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း လန် ဒန်ခရီးစဉ်တွင် တည်းခိုခဲ့ရာ ဒေါ်ချက်စတာဟိုတယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သားအငယ်ကင်မ်၏ မိသားစုတို့ ပြန်လည်ဆုံ စည်းမှုပုံရိပ်များကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *