သားလေးရဲ့ ပုံလေးတွေတင်ပြီး အရမ်းတွေပျော်ရွှင်နေတဲ့ စုစုဝေ

မြန်မာပြည်ကိုချစ်ပြီး မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တဲ့ Mikis က မြန်မာမလေး စုစုဝေနဲ့ ချစ်ကြိုက်ခဲ့ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိ သားစုဘဝလေးကိုတည်ထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဧပြီလ (၂၈) ရက်နေ့က သူတို့ရဲ့ မိသားစုဝင် အသစ်ဖြစ်တဲ့ သားလေး Rio က လူ့လောကထဲကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။အခုဆိုရင် ပရိသတ်တွေက စုစုဝေတို့ စုံတွဲလေးကိုသာမက သူတို့ ရဲ့ရင်သွေးလေး ကိုပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

စုစုဝေကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ဂျာမနီမှာ အောင်မြင်စွာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ရက်သားလေးသာရှိသေးတဲ့ စုစုဝေရဲ့ သားလေးက ပါးနီတာရဲလေးတွေနဲ့ အသည်းယားစရာကောင်းလွန်းတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

အခုလည်း မေမေစုစုဝေက “ ဘဝထဲမှာ သားလေးရောက်လာတဲ့အချိန်ကစလို့ ပိုပြီး တန်ဖိုးရှိပြည့်စုံသွားတယ်ကျေးဇူးပါ သားလေးရေ ဒီဖေဖေမေမေတို့ရဲ့ သားလေးလာဖြစ်ပေးလို့

” ဆိုပြီး သားသားရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းတဲ့ စုစုဝေသားလေးရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော် ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.