ဖိုက်တာ ကလေးလေး ဆွဲ ပေးတဲ့ ပုံလေးကို အမှတ် တ ရ ချပြလာတဲ့ ကိုပိုးလေး

ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ် မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော် ပိုးလေး က ပြည်သူတွေကို သွေးမအေးစေဖို့ အမြဲတမ်းတိုက်တွန်းပြောဆိုနေတာလဲ ဖြစ်ပါတယ်။

ပိုးလေး ဟာ ကလေးငယ်တစ်ဦးက သူ့အတွက်ပြုလုပ်ပေးထားတဲ့ လက်ဆောင်လေးတစ်ခုကို ပရိသတ်တွေကို ပြသလိုက်ပါတယ်။

ကလေးငယ်လေး ပြုလုပ်ပေးထားတဲ့အရာကတော့ ပိုးလေးရဲ့ ပုံတူပန်းချီလေးဖြစ်တယ်ဆိုတဲ့အကြောင်းကို “တော်လှန်ရေးကာလဆန္ဒပြ ထဲက ပဲခူးကဖိုက်တာလေး တောထဲမှာအတူနေခဲ့ရတာကလေး သူ့နာမည်လေးက ရှိုင်းသူရိန် ကျွန်တော်နာမည်ပေးထားတာ ခွကျော်။

ကျွန်တော့ပုံလေးကို သူစွဲပေးထားတာ သတိရတယ် သားလေး ဦးပိုးရဲ့ ခွကျော် ပြန်ဆုံကြမယ်” လို့ လူ ရွှင်တော် ပိုးလေး ဟာ ချစ်စရာကလေးငယ်လေးရဲ့ ဓာတ် ပုံလေးနဲ့အတူ စာသားလေးတွဲတင်ထားတာကို တွေ့ရပါတယ်။ လေးစားလို့ပေးတဲ့ ပဲခူးကကလေးငယ်လေး ရဲ့ ပိုးလေး ပုံတူပန်းချီလေးကို ပရိသတ်တွေလဲ ကြည့်ရ အောင်ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.