ကမ္ဘောဇဘဏ်ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလန်းခမ်း အဖမ်းခံရဟု သတင်းများထွက်ပေါ်

ကမ္ဘောဇအုပ်စု ပိုင်ရှင် ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းရဲ့ သမီးကြီး နန်းလန်းခမ်းကို ယနေ့ အစောပိုင်းက ရန်ကုန်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့နီးစပ်သူ အများအပြားက ဒီဗီဘီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နန်းလန်းခမ်းဟာ ကမ္ဘောဇဘဏ်ရဲ့ လက်ထောက် အ မှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အပြင် ကမ္ဘောဇဘဏ်ရဲ့ အ မှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်။အသက် ၃၃ နှစ် အ ရွယ်ရှိပြီး မြန်မာပြည်ရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်အုပ်စုဟာ စစ်တပ်အာ ဏာသိမ်းမှုကို ပံ့ပိုးကူညီမှု၊ ဘဏ်စာရင်းများကို ပိတ်ဆို့မှုနဲ့စကစအတွက် ငွေကြေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးပေးမှုများကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ဧပြီ ၈ ရက်နေ့ဝန်းကျင်ကလည်း ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကိုယ်တိုင် စကစခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ခရိုနီများ ဖမ်းဆီး ခံရမှု မြင့်တက်လျ က်ရှိပြီး နန်းလန်းခမ်း တကယ် အဖမ်းခံရပါက ကျန်ရှိတဲ့ ခရိုနီတွေပါ မျက်ခုံးလှုပ်နေကြတယ်လို့ သိရပါတယ်။

နီးစပ်သူတချို့ကတော့ နန်းလန်းခမ်းကို မေးခွန်းတချို့ မေးမြန်းပြီး ပြန်လွှတ်လိုက်တယ်လို့လည်း ကြားပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ထပ်မံသိရတာတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ကေမာၻဇဘဏ္ရဲ႕ အမႈေဆာင္ဒါရိုက္တာ ေဒၚနန္းလန္းခမ္း အဖမ္းခံရဟု သတင္းမ်ားထြက္ေပၚ

ကေမာၻဇအုပ္စု ပိုင္ရွင္ ဦးေအာင္ကိုဝင္း ေခၚ ဆရာေက်ာင္းရဲ႕ သမီးႀကီး နန္းလန္းခမ္းကို ယေန႕ အေစာပိုင္းက ရန္ကုန္ၿမိဳ႕တြင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႔နီးစပ္သူ အမ်ားအျပားက ဒီဗီဘီသတင္းဌာနကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

နန္းလန္းခမ္းဟာ ကေမာၻဇဘဏ္ရဲ႕ လက္ေထာက္ အ မႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ အျပင္ ကေမာၻဇဘဏ္ရဲ႕ အ မႈေဆာင္ဒါရိုက္တာ ျဖစ္ပါတယ္။အသက္ ၃၃ ႏွစ္ အ ႐ြယ္ရွိၿပီး ျမန္မာျပည္ရဲ႕ ထိပ္တန္း စီးပြားေရး လုပ္ငန္းရွင္တဦးျဖစ္ သတ္မွတ္ခံထားရတာ ျဖစ္ပါတယ္။

ကေမာၻဇဘဏ္အုပ္စုဟာ စစ္တပ္အာ ဏာသိမ္းမႈကို ပံ့ပိုးကူညီမႈ၊ ဘဏ္စာရင္းမ်ားကို ပိတ္ဆို႔မႈနဲ႕စကစအတြက္ ေငြေၾကးႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရး ပံ့ပိုးေပးမႈမ်ားေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။လြန္ခဲ့တဲ့ ဧၿပီ ၈ ရက္ေန႕ဝန္းက်င္ကလည္း ကေမာၻဇဘဏ္ပိုင္ရွင္ ဦးေအာင္ကိုဝင္း ကိုယ္တိုင္ စကစေခါင္းေဆာင္ မင္းေအာင္လွိုင္ကို သြားေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ခရိုနီမ်ား ဖမ္းဆီး ခံရမႈ ျမင့္တက္လ် က္ရွိၿပီး နန္းလန္းခမ္း တကယ္ အဖမ္းခံရပါက က်န္ရွိတဲ့ ခရိုနီေတြပါ မ်က္ခုံးလႈပ္ေနၾကတယ္လို႔ သိရပါတယ္။

နီးစပ္သူတခ်ိဳ႕ကေတာ့ နန္းလန္းခမ္းကို ေမးခြန္းတခ်ိဳ႕ ေမးျမန္းၿပီး ျပန္လႊတ္လိုက္တယ္လို႔လည္း ၾကားပါတယ္။ အဆိုပါသတင္းနဲ႕ ပတ္သက္ၿပီး ထပ္မံသိရတာေတြကို ဆက္လက္ ေဖာ္ျပေပးသြားပါမယ္။

Leave a Reply

Your email address will not be published.